Healthy Life Ad
International

ဇာတိပ္ဖိုလ်သီးက အသည်းထိခိုက်မှုမဖြစ်စေရန် ကာကွယ်နိုင်

၊ ကိုထက် ၊

ဇာတိပ္ဖိုလ်သီးက ကိုယ်တွင်းအင်္ဂါရောင်ရမ်းမှု လျော့ကျစေတာကို ကြက်တွေမှာ စမ်းသပ်မှုအရ တွေ့ရှိရကြောင်း လေ့လာမှုတစ်ခုက ဆိုပါတယ်။ဇာတိပ္ဖိုလ်သီးဟာ အဆီအဆင့်ကို ပုံမှန်ဖြစ်စေတဲ့အတွက် အသည်းကို ကျန်းမာစေကြောင်း လေ့လာသူတွေက ထပ်လောင်းပြောကြားထားပါတယ်။ဇာတိပ္ဖိုလ်သီးမှာ လစ်ဂ်နင်လို့ ခေါ်တဲ့ အင်တီအောက်ဆီးဒင့် များစွာပါဝင်ကြောင်း လေ့လာသူတွေကဆိုပါတယ်။

ဇာတိပ္ဖိုလ်သီးကို ရှေးတရုတ်ဆေးပညာအရ အစာအိမ်အူလမ်းကြောင်းရောဂါတွေအတွက် အသုံးပြုတယ်၊ ဒါ့အပြင် အဆစ်ရောင်နာကြောင့် ကိုက်ခဲနာကျင်မှုနဲ့ပိုးဝင်တဲ့ဝေဒနာတွေကို သက်သာစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

နန်ချန်းတက္ကသိုလ်မှလေ့လာသူတွေက ဇာတိပ္ဖိုလ်သီးမှာပါတဲ့ သီအိုအဆီတာမိုက်ဒြပ်ပေါင်းကကြွက်တွေမှာ ရေတိုအသည်းထိခိုက်မှုကို လျော့ကျစေတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ အကြောင်းကတော့ ဇာတိပ္ဖိုလ်သီးဟာကြွက်တွေမှာ PPAR အမည်ရှိ မျိုးဗီဇကို အလုပ်လုပ်စေတဲ့နည်းနဲ့ အသည်း ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးလို့ပါပဲ။ဒီလေ့လာမှုအရ ဇာတိပ္ဖိုလ်သီးဟာ အသည်းထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်းကို ပရိုတီရုမ်းလေ့လာမှုဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top