Healthy Life Ad
Q & A

အသည်းအဆီဖုံးခြင်း

—–၊ ပါမောက္ခဦးခင်မောင်ဝင်း (အသည်းအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. အသည်းအဆီဖုံးခြင်းက မျိုးရိုးလိုက်တတ်ပါသလား ဆရာ။

A. အသည်းအဆီဖုံးတာက မျိုးရိုးလိုက်ပါတယ်။ အသည်းအဆီဖုံးဖို့ မျိုးရိုးဗီဇ (Gene) တွေရှိရင် ပိုဖြစ်တတ်ပါတယ်။

“မြန်မာပြည်မှာတော့ အလွယ်ဆုံးနည်းပြောလိုက်ရင် အာထရာဆောင်းရိုက်တာပဲ။ အာထရာဆောင်းရိုက်လိုက်ရင် အသည်းအဆီဖုံးတာကို တွေ့မှာပေါ့။ ဒါ့ထက်ကောင်းတာကို ပြောရရင် Fibroscan နဲ့ တိုင်းလိုက်ရင် အသည်းအဆီဖုံးတာကို သိနိုင်သလို အသည်းခြောက်၊ မခြောက်ကိုပါ တိုင်းလို့ရပါတယ်” . . .

Q. ဘာကြောင့် အသည်းအဆီဖုံးရပါသလဲ ဆရာ။

A. အသည်းအဆီဖုံးနိုင်တဲ့ အကြောင်းရင်းတွေကတော့ အများကြီးရှိပါတယ်။ အစားတွေအများကြီး စားလို့ဖြစ်တယ်၊ အဆီတွေစားတာများလို့ ဖြစ်တယ်၊ မျိုးရိုးဗီဇရှိလို့ ဖြစ်တယ်၊ အခုနောက်ဆုံးပေါ် ခေတ်စားနေတာကတော့ အူမကြီးထဲမှာရှိတဲ့ ဘက်တီးရီးယားတွေ အချိုးအစားပြောင်းလို့ဖြစ်တာ။ ဒါမှမဟုတ်ရင် ဝလို့ (Obesity) ကြောင့်ဖြစ်တယ်၊ ဒါမှမဟုတ်ရင် အင်ဆူလင်မတိုးတာကြောင့်ဖြစ်တယ်၊ ဒါမှမဟုတ်ရင် ဆီးချိုရောဂါရှိလို့ဖြစ်တယ် . .ပြောရရင် အကြောင်းတွေကတော့ အများကြီးပါပဲ။ ကြက်ဥနဲ့ ကြက်မ ဘယ်ဟာက အရင်စတယ်ဆိုတာ မသိသလိုပဲ၊ ကြက်မကြီးက ကြက်ဥတာလား၊ ကြက်ဥက ကြက်မဖြစ်တာလားဆိုသလိုပဲ ဝတယ်၊ အဆီဖုံးတယ်၊ ဆီးချိုဖြစ်တယ်၊ အင်ဆူလင်မတိုးတော့ဘူး၊ အဆီဖုံးတယ်။ ဒါတွေက လုံးလည်လိုက်နေတာပဲ။

Q. အသည်းအဆီဖုံးတာကို ဘယ်လိုသိရှိနိုင်ပါသလဲ ဆရာ။

A. မြန်မာပြည်မှာတော့ အလွယ်ဆုံးနည်းပြောလိုက်ရင် အာထရာဆောင်းရိုက်တာပဲ။ အာထရာဆောင်းရိုက်လိုက်ရင် အသည်းအဆီဖုံးတာကို တွေ့မှာပေါ့။ ဒါ့ထက်ကောင်းတာကို ပြောရရင် Fibroscan နဲ့ တိုင်းလိုက်ရင် အသည်းအဆီဖုံးတာကို သိနိုင်သလို အသည်းခြောက်၊ မခြောက်ကိုပါ တိုင်းလို့ရပါတယ်။

Most Popular

Healthy Life Ad
To Top