Healthy Life Ad
Health Tips

အယ်လ်ဇိုင်းမားရောဂါ ကာကွယ်ပါ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အယ်လ်ဇိုင်းမားရောဂါကို မျိုးရိုးဗီဇကပဲ ထိန်းချုပ်ထားတယ်လို့ မပြောနိုင်ဘူးလို့လေ့လာသူတွေက ယူဆထားပါတယ်။ ဒါကြောင့် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်တဲ့ အန္တရာယ်က ဘဝနေထိုင်စားသောက်မှုပုံစံနဲ့ တခြားအချက်တွေနဲ့ ဆက်စပ်မှုရှိနေတယ်လို့ လေ့လာသူတွေက ဆက်လက်ရှင်းပြထားပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကိုရွေးချယ်ဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာရပါမယ်။

(၁) အာဟာရနှင့် အစားအသောက်

သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အိုမီဂါသရီး ဖက်တီးအက်စစ်ပါဝင်တဲ့ ငါး၊ အခွံမာသီးစတာတွေကို စားပေးတာက ဦးနှောက်ကို ကျန်းမာစေပါတယ်။

(၂) ကိုယ်လက်လှုပ်ရှားမှု

အလေးမတာ၊ ပြေးတာ၊ လမ်းလျှောက်တာ စတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်ပေးတာက ဦးနှောက်ဆီကို သွေးလှည့်ပတ်စီးဆင်းမှုကောင်းစေပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

(၃) စိတ်ကျန်းမာရေး

အသစ်အဆန်းတစ်ခုခုကို လေ့လာတာနဲ့ လုပ်ဆောင်နိုင်ဖို့ ကြိုးစားတာတွေက စိတ်နဲ့ဦးနှောက်ကို တက်ကြွနေစေပြီး ဦးနှောက်ထဲကနာ့ဗ်ဆဲလ်တွေကြား ဆက်သွယ်ချက်အသစ်ကို တကယ်ဖြစ်ထွန်းစေပါတယ်။

(၄) လူမှုရေးကိစ္စများ

တစ်ဦးတည်း အထီးကျန်နေထိုင်တဲ့အခါ အသုံးမပြုဖြစ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေဟာ တခြားသူတွေနဲ့ ပေါင်းသင်းဆက်သွယ်တာကြောင့် လှုံ့ဆော်ပေးနိုင်စွမ်းရှိစေပါတယ်။ အထူးသဖြင့် နှလုံးရောဂါနဲ့ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်တာက အယ်လ်ဇိုင်းမားရောဂါနဲ့ သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းရောဂါ (Dementia)ကို လျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top