Healthy Life Ad
Q & A

၀လာမှာ စိုးတယ် . . .

မေး ။ အခုတော့ ကျွန်မ ကိုယ်အလေးချိန်က ပုံမှန်ပါပဲ ဆရာ။ ဒါပေမဲ့ မျိုးရိုးကဝတဲ့ မျိုးရိုးဖြစ်လို့ ဝလာမှာ စိုးမိပါတယ်။ ကျွန်မလိုမဝသေးတဲ့သူတွေအနေနဲ့ ဝမလာအောင် ဘယ်လိုသတိထားသင့်ပါသလဲ ဆရာ။
လဲ့လဲ့၊ ကျောက်တံတား။

ပါမောက္ခဦးကိုကို(ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ မဝသေးတဲ့သူတွေက ကိုယ့်ကိုယ်အလေးချိန်နဲ့ ကိုယ့်ခါးကို အမြဲတိုင်းနေဖို့ လိုပါတယ်။ ကိုယ်အလေးချိန်က မတက်အောင် ထိန်းရတာက ပိုလွယ်ပါတယ်။ ဝပြီးမှ ပြန်လျှော့ရတာ ခက်ပါတယ်။

အထူးသဖြင့် ကလေးတွေမှာ အဆင်သင့်အစာ (Junk Food)တွေ စားတာများလို့ ကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်တဲ့ ကလေးတွေဖြစ်လာနေပါတယ်။ ဒါကို ဂရုစိုက်ပေးဖို့ လိုပါတယ်။

ဝတာကို ပိန်အောင်လျှော့တာက လှချင်လို့ မဟုတ်ပါဘူး။ ကျန်းမာအောင် လျှော့တာ၊ ရောဂါတွေ အန္တရာယ်ကနေကင်းဝေးချင်လို့ လျှော့တာဖြစ်ပါတယ်။
ဝပင်ဝသော်ငြား Metabolically Healthy ဖြစ်အောင် နေရပါမယ်။ ဆိုလိုတာက ဝနေရင်တောင် ကိုယ်အလေးချိန်ကို ထပ်တက်မလာအောင် ထိန်းရမယ်၊ ခန္ဓာကိုယ်ထဲမှာ အဆီပိုတွေ တက်မလာအောင် ထိန်းရမယ်။ ခါးအတိုင်းအတာက များနေရင် လျှော့ရမယ်။ ဒါဆိုရင် ဝရင်တောင်မှ အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top