Healthy Life Ad
Health Tips

ဆေးလိပ်သောက်ခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ

———၊ ငွေကြယ်စင်ယံ ၊———

ဆေးလိပ်သောက်တာကြောင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေထက် ရုပ်ရည်သွင်ပြင်ကို ဘယ်လိုထိခိုက်စေနိုင်တယ်ဆိုတာ သတိပြုမိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

ဆံပင်၊ လက်သည်းနှင့် အသားအရေ ထိခိုက်စေနိုင်

ဆေးလိပ်သောက်တာကြောင့် ဆေးလိပ်သောက်သူရဲ ့ ဆံပင်၊ လက်သည်း ခြေသည်းနဲ့ အသားအရေတို့ကို ချက်ချင်းထိခိုက်စေနိုင်ပါတယ်။

ကော်လာဂျင်ထောက်ပံ့မှု ပြတ်တောက်စေနိုင်

ဆေးလိပ်သောက်တာကြောင့် ကော်လာဂျင် ထောက်ပံ့မှုပြတ်တောက်သွားမယ့် အင်ဇိုင်းထွက်နှုန်းကို တိုးစေပါတယ်။ ကော်လာဂျင်ဟာ အသားအရေတင်းအား ရှိစေပါတယ်။

အရေးကြောင်း ထင်စေနိုင်

ဆေးရွက်ကြီးထဲက ဓာတုပစ္စည်းတွေက အသားအရေတင်းအားနဲ့ သန်စွမ်းမှုရှိစေတဲ့ အရေပြားအမျှင်တွေကို ထိခိုက်စေတဲ့အတွက် အရေးကြောင်းထင်စေနိုင်ပါတယ်။ ဒါ့အပြင် မျက်အိတ်တွဲကျတာနဲ့ အရွယ်မတိုင်မီ အိုမင်းတာတို့ကို ဖြစ်စေနိုင်သလို ရင်သားကိုလည်း တွဲကျစေပါတယ်။

စောစောသွေးဆုံးစေနိုင်

ဆေးလိပ်သောက်တာက အမျိုးသမီးတွေမှာ စောစောသွေးဆုံးတဲ့ဖြစ်စဉ်နဲ့ ဆက်စပ်မှုရှိနေပါတယ်။

Most Popular

Healthy Life Ad
To Top