Healthy Life Ad
Health Tips

ကြို့ထိုးခြင်းအတွက် အိမ်တွင်းကုထုံးများ

၊ လရိပ်မေ ၊

အစာကို ခပ်မြန်မြန်စားတာ၊ အရက်ကို အလွန်အမင်းသောက်တာ၊ လေတွေကို မျိုချမိတာ၊ ဆေးလိပ်သောက်တာ၊ ပူတဲ့ အရည်တွေကို အလောတကြီး သောက်လိုက်တာနဲ့ စိတ်ဖိစီးမှု ခံစားရတာ စတဲ့ အချက်တွေကြောင့် ကြို့ထိုးနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ကြို့ထိုးတာက မိနစ်ပိုင်းလောက်ပဲ ကြာတတ်ပေမယ့် အချိန် ၄၈ နာ ရီကျော်ကြာကြို့ထိုးနေရင် မောပမ်းတာ၊ အိပ်မပျော်တာနဲ့ ကိုယ်အလေးချိန် လျော့ကျတာတွေ ကိုဖြစ်စေနိုင်ပါတယ်။ အချိန်အကြာကြီးကြို့ထိုးနေတာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကြောင့်လည်း ဖြစ်တတ်တဲ့အတွက် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ ကြို့ထိုးနေရင် အောက်ပါလွယ်ကူတဲ့ နည်းတွေကို လုပ်ဆောင်ကြည့်ပါ။

အညိုရောင်စက္ကူအိတ်ထဲကို ပါးစပ်တေ့ပြီး အသက်ရှူသွင်းလိုက်ပါ။ အသက်ရှူသွင်းတဲ့ အားကြောင့် ရင်ဝမ်းခြားကြွက်သားတွေရဲ့ သဘာဝကျုံ့ဆန့်မှုကို ပြန်ကောင်းစေနိုင်ပါတယ်။

သကြားလိုမျိုး ခြောက်သွေ့တဲ့အစာတစ်မျိုးကို မျိုချလိုက်တာက လည်ချောင်းကို လှုံ့ ဆော်မှုပေးပြီး လေကို ပုံမှန်ရှူသွင်းရှူထုတ်ဖြစ်စေပါတယ်။

အရည်တွေကို ငုံပြီး သောက်ပေးပါ။

အသက်ရှူရင်း ထိန်းထားပါ။

လေကို ဖြည်းဖြည်းချင်း ထိန်းပြီးပြန်ထုတ်ပါ။

ရေကို ပလုတ်ကျင်းပေးပါ။

ရေခဲရေငုံပါ။

မျက်စိစုံမှိတ်ပြီး မျက်ဝန်းပေါ်ကို နှိပ်ပေးပါ။

မြေပဲထောပတ် ထမင်းစားဇွန်းတစ်ဇွန်း စားပေးပါ။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။

ပျားရည်နဲ့ ကြက်ဆူဆီရောပြီး ၂-၃ မိနစ် တစ်ကြိမ် လက်ညှိုးစိမ်ကာ လျှာနဲ့ လျက်ပေးပါ။

သစ်ကြားပိုးခေါက်ကို စားရင်လည်း ကြို့ထိုးတာကို သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top