Healthy Life Ad
Q & A

နှာသီးရောင်ရမ်းယားခြင်း

မေး ။ ဆရာရှင့် နှာသီးရောင်လိုက်၊ ပျောက်လိုက်ဖြစ်တာ ကြာပါပြီ။ ဟပ်ချိုးလည်း ခဏခဏချေပါတယ်။ ယားလည်း ယားပါတယ်။ ကြာရင် ကင်ဆာဖြစ်နိုင်ပါသလားရှင့်။ ကျေးဇူးပြု၍ဖြေပေးပါ။
Khin Moe Oo

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ နှာခေါင်းထဲမှာ အသီးလေးတွေဖြစ်တဲ့ Nasal Polyp ကို ဆိုလိုတယ်လို့ ထင်ပါတယ်။ အအေးမိတာ၊ ဓာတ်မတည့်တာ၊ အမှုန်အမွှားလေးတွေ ဝင်တာ စတဲ့အကြောင်းတွေကြောင့် နှာခေါင်းတွင်း အမြှေးပါးရောင်ရမ်းမှု ကြာတဲ့အခါ နှာခေါင်းတွင်းထဲ မို့မောက်ပြီး အသီးပုံစံ ဖြစ်လာတာကို ခေါ်ပါတယ်။ ဒါက ဓာတ်မတည့်မှုနဲ့ ဆိုင်ပါတယ်။ နှာခေါင်းအသီးကြီးလာလို့ အသက်ရှူရခက်ခဲနေရင် အသီးလေးကို ဖြတ်ထုတ်လိုက်တဲ့အခါ ပျောက်သွားနိုင်ပါတယ်။ နှာခေါင်းအသီးရောင်တာကနေ ကင်ဆာဖြစ်တယ်လို့တော့ မကြားဖူးပါဘူး။ ဖြစ်ဖို့ ရာခိုင်နှုန်းနည်းတယ်လို့ ပြောချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top