Healthy Life Ad
Life Style

အစာစားချိန်မှာ ရေသောက်နိုင်သလား

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

တချို့လူတွေက အစာနဲ့ရေကိုတစ် ချိန်တည်း မစားသောက်ဖို့ ပြောကြပါ တယ်။ ကျွမ်းကျင်သူတချို့ကတော့ ရေ က အစာအိမ်အက်ဆစ်ကို ပျော်စေနိုင် တယ်လို့ ရှင်းပြကြပြန်ပါတယ်။ အစာနဲ့ ရေတွဲသောက်တာက ဝစေနိုင်တယ်လို့ တချို့က ထင်မြင်ထားကြပါတယ်။

အစာအိမ်ထဲမှာ အစာနဲ့ ရေက ဘာဖြစ်နိုင်သလဲ

အစာချေဖျက်မှုဖြစ်စဉ်က ခံတွင်းထဲကနေထွက်လာတဲ့ တံတွေးကနေ စတင်ပါတယ်။ အစာကို ကြိတ်ဝါးလိုက်တဲ့အခါ အစာက တံတွေးနဲ့ရောသွားပါတယ်။ တံတွေးထဲမှာ အစာချေဖို့လိုအပ်တဲ့ အင်ဇိုင်းတွေ ပါဝင်ပါတယ်။ ပြီးရင် ပျော့ပျောင်းသွားတဲ့ အစာတွေက အစာအိမ်ထဲကိုရောက်ပြီး အစာအိမ် အက်ဆစ်နဲ့ရောသွားမှာပါ။ ယေဘုယျအားဖြင့် အစာအိမ်က အစာချေဖျက်ဖို့ လေးနာရီလောက် အချိန်ယူရပါတယ်။ ကြေသွားတဲ့အစာက အူထဲကိုရောက်ပြီး တစ်ကိုယ်လုံးကို အာဟာရဓာတ်တွေပို့ပေးပါတယ်။ ရေက အစာအိမ်ထဲမှာ ကြာကြာမနေပါဘူး။ အစာအိမ်ထဲ အချိန် ၁၀ မိနစ်ခန့်ပဲ နေပါတယ်။ အစာစားရင်း ရေသောက်ရင် ကြေညက်နေတဲ့ အစာတွေကို အစာအိမ်ထဲကနေ မြန်မြန်ထွက်စေပါတယ်။

အရည်က အက်ဆစ်ဓာတ်ကို မလျော့ကျစေနိုင်

အစာအိမ်က အစာတစ်ခုခုကို မချေဖျက်နိုင်ဘူးဆိုရင် အင်ဇိုင်းတွေ ပိုထုတ်ပြီး အစာအိမ်ထဲကအရည်ရဲ့ အက်ဆစ်ဓာတ်ကို ပိုတိုးစေပါတယ်။ ရေဂါလံတစ်ဝက်လောက်သောက်ရင်တောင် အက်ဆစ်အဆင့်ကို မလွှမ်းမိုးနိုင်ပါဘူး။

အရည်က အစာချေဖျက်နှုန်းကို မလွှမ်းမိုးနိုင်ပါ

အရည်က အစာတွေ ကောင်းကောင်းမကြေညက်ခင် အူထဲကိုတွန်းပို့တယ်ဆိုတာ သေချာသက်သေပြချက်မရှိပါဘူး။ အရည်က အစာနဲ့ယှဉ်ရင် ခန္ဓာကိုယ်ထဲကနေ မြန်မြန်ထွက်ရှိစေတယ်၊ အစာကြေညက်မှုအရှိန်ကို မလွှမ်းမိုးနိုင်ဘူးလို့ပဲ သိပ္ပံပညာရှင်တွေက ဆိုထားတာပါ။

အစာစားရင်း ရေသောက်နိုင်သလား

အစာစားရင်း ရေသောက်တာကြောင့် ဘာထိခိုက်မှုမှမရှိပါဘူး။ ရေက အစာကို ပျော့သွားစေတာတော့အမှန်ပါ။ ဒါပေမဲ့ အစာကိုမမျိုချခင် ရေမသောက်ပါနဲ့။ အစာကိုခံတွင်းထဲက တံတွေးတွေနဲ့ သေချာကြေညက်စေပြီးမှသာ ရေနဲ့မျိုချပါ။ အစာစားရင်း ရေသောက်တာကြောင့် ကောင်းကျိုးရှိပါတယ်။ အထူးသဖြင့် အဝလွန်နေသူ၊ ကိုယ်အလေးချိန်များသူနဲ့ ကိုယ်အလေးချိန်ထိန်းလိုသူတွေအတွက် ရေသောက်တာကြောင့် ဗိုက်မြန်မြန်ပြည့်ပြီး အစာကို နည်းနည်းပဲစားဖြစ်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top