Healthy Life Ad
Health Tips

နွေအပူကို အံတုနိုင်မည့် အစာများ

၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊

ဒီနှစ်နွေက နွေဦးကာလကတည်းက အပူရှိန်ပြင်းတာကြောင့် နွေကာလတစ်လျှောက်လုံး အပူဒဏ်ကို တွန်းလှန်နိုင်မယ့် အစာတွေကို မျှဝေလိုက်ရပါတယ်။

(၁) ရင်အေးစေမည့် အစာမျးာ

ပဲနီလေး၊ ပဲသီးနဲ့ ငှက်ပျောသီးတို့လို တန်နင်ဓာတ်ပါတဲ့ အစာတွေက ခန္ဓာကိုယ်က ရေဓာတ်စုပ်ယူမှု များစေတဲ့အပြင် စွမ်းအင်လည်း ရှိစေတာကြောင့် ရင်အေးစေပါတယ်။ စပျစ်သီးနဲ့ တည်သီးတွေလို အစာတွေကလည်း ရင်အေးစေတဲ့ အစာတွေပဲ ဖြစ်ပါတယ်။

(၂) ရေဓာတ်ပါဝင်မှုများသော အစာများ

ရေဟာ ခန္ဓာကိုယ်ကို အေးမြစေတဲ့ အရည်ဖြစ်ပါတယ်။ ရေဓာတ်များများပါတဲ့ အစာတွေက နွေရဲ့အပူရှိန်ပြင်းပြင်းကို တွန်းလှန်နိုင်စွမ်းရှိပါတယ်။ သခွားသီးနဲ့ ဖရဲသီးတို့လို ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက ကိုယ်ခန္ဓာထဲက ဆဲလ်တွေကို ရေဓာတ်ပြည့်ဝစေပြီး ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေပါတယ်။

(၃) အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

ဟင်းနုနယ်ရွက်၊ ကိုက်လန်နဲ့ ပန်းဂေါ်ဖီစိမ်းတို့လို အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ ကယ်လ်စီယမ်ဓာတ် ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ အပူထိန်းညှိနိုင်စွမ်းကို ကောင်းမွန်စေပါတယ်။

(၄) အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံစာဟာ နွေရက်တွေရဲ့ ပူပြင်းတဲ့နေ့တွေမှာ အေးမြအောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဘာလီစေ့လို ကောက်နှံစာမှာ မဂ္ဂနီဆီယမ်ပမာဏ များများပါဝင်တဲ့အတွက် ကြွက်သားနဲ့ နာ့ဗ်ဆဲလ်တွေကို ပျော့ပျောင်းစေပြီး သွေးကြောထဲကို ကယ်လ်စီယမ် စုပ်ယူရောက်ရှိမှုတိုးစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အပူချိန်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top