Healthy Life Ad
Health Tips

ယောဂကြောင့် ဘဝကို ပိုပျော်ရွှင်မှု ရရှိစေသည့် နည်းလမ်း ငါးသွယ်

၊ လရိပ်မေ ၊

ယောဂဆိုတာ စိတ်နဲ့ခန္ဓာကို အားဖြစ်စေပြီး ပျော်ရွှင်တက်ကြွတဲ့ ဘဝကို ပိုင်ဆိုင်လာအောင်ပံ့ပိုးပေးတဲ့ ကျင့်စဉ်ပဲဖြစ်ပါတယ်။ ယောဂကျင့်တာကြောင့် ကျန်းမာရေးအတွက် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

(၁) ခံစားနားလည်နိုင်စွမ်း မြင့်တက်ခြင်း
ကိုယ့်မှာပိုင်ဆိုင်တဲ့အရာကို တန်ဖိုးထားတတ်ရင် ဘဝက နေပျော်ပါတယ်။ အဲဒီလိုနေပျော်တဲ့ စိတ်ရရှိစေဖို့ ယောဂကျင့်စဉ်တွေက အထောက်အကူပေးပါတယ်။ ဘဝမှာ ခံစားနားလည်နိုင်စွမ်း မြင့်တက်လာတဲ့အတွက် အရာရာကို ကျေးဇူးတင်နေမှာပါ။

(၂) အကောင်းမြင်တတ်လာခြင်း
အကောင်းမြင်စိတ်ဟာ အရာရာကို လှပစေပြီး သင့်ကိုပါ ကြည့်ကောင်းလာစေပါတယ်။ ယောဂကိုပုံမှန်ကျင့်ပေးတာကြောင့်အကောင်းမြင်တတ်လာစေပါတယ်။

(၃) အခြားသူများနှင့် နှိုင်းယှဉ်ပြီး မကျေနပ်စိတ် မရှိခြင်း
အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် မကျေနပ်နိုင်ဘဲ တခြားသူတွေနဲ့ နှိုင်းယှဉ်နေတာက ပျော်ရွှင်မှုနဲ့ ဝေးကွာစေပါတယ်။ တကယ်တော့ သင့်ကိုယ်သင်နှိုင်းယှဉ်သင့်တဲ့ တစ်ဦးတည်းသော သူက သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ယောဂကျင့်တာကြောင့် ကျင့်စဉ်တွေမှာ ပျော်ရွှင်လာပြီး တခြားသူတွေနဲ့ နှိုင်းယှဉ်မနေဘဲ ကိုယ့် ကိုယ်ကိုယ် ကျေနပ်စိတ်ဖြစ်ပေါ်စေပါတယ်။

(၄) ကြင်နာသော အပြုအမူကောင်းများ ပြုလုပ်ဖြစ်စေခြင်း
ယောဂကျင့်တာကြောင့် သင်ကိုယ်တိုင် ဆွဲဆောင်မှု ရှိလာသလို တခြားသူအပေါ် ကြင်နာတတ်တဲ့ အပြုအမူတွေနဲ့ ခင်မင်ပေါင်းသင်းလာတတ်ပါတယ်။

(၅) ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်း
ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အတူ အချိန်ဖြုန်းရတဲ့အခါ စိတ်ခံစားမှု ပိုမိုကောင်းမွန်လာတတ်ပါတယ်။ ယောဂကျင့်တာကြောင့် ရင်းနှီးတဲ့သူတွေနဲ့ အတူရှိချိန်မှာ အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတဲ့ဘဝ ကို ဖြတ်သန်းနိုင်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top