Healthy Life Ad
Health Tips

အစာကြေညက်စေမည့် ယောဂကျင့်စဉ်

———၊ လရိပ်မေ ၊———

အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့အခါ ရေများများသောက်တာ၊ ပေါ့ပါးတဲ့ အစာစားတာနဲ့ ယောဂကျင့်တာတို့ဟာ အစာကြေညက်စေတဲ့နည်းတွေ ဖြစ်ပါတယ်။

alignnone size-medium wp-image-63274
(၁) ထိုင်ခုံဟန်ပန်

ခြေထောက်ကို စုံရပ်ကာ လက်နှစ်ဖက်ကိုပူးရင်း လက်အုပ်ချီဟန်၊ ထိုင်ခုံပေါ်ထိုင်နေတဲ့ ဟန်မျိုးနဲ့ တစ်ဝက်ဆောင့်ကြောင့်ထိုင်ပါ။ ပြီးရင် ဘယ်ခြေထောက်ကို နောက်သို့ ဆတ်ခနဲထုတ်ပါ။ ဒါက ဝမ်းဗိုက်အောက်ပိုင်းကို ဆွဲထားသလိုဖြစ်စေပြီး ခန္ဓာကိုယ်အရှေ ့ပိုင်းကို ဆွဲဆန့်စေပါတယ်။

alignnone size-medium wp-image-63275
(၂) ရှေ့သို့ ဆတ်ခနဲလှမ်းပြီး ခန္ဓာကိုယ်လိမ်သော ဟန်ပန်

ညာဘက်ခြေထောက်နဲ့ ရှေ့ကို ဆတ်ခနဲလှမ်းပြီး ထိုင်ချလိုက်ပါ။ ပြီးရင် ဘယ်ဘက်ခန္ဓာကိုယ်ကို လိမ်လိုက်ပါ။ ဘယ်ဘက်ခြေဖမိုးကို ညာဘက်လက်နဲ့ ဆုပ်ကိုင်ထားပါ။ ဘယ်လက်က ညာလက်မောင်းကို ဖမ်းဆုပ်ထိတွေ့လိုက်ပါ။ ဒီနည်းက ကြွက်သားအုပ်စုတစ်ခုလုံးကို အလုပ်လုပ်ဖြစ်စေတဲ့ နည်းဖြစ်ပါတယ်။

alignnone size-medium wp-image-63276
(၃) ကလေးဟန်ပန်

စိတ်ဖိစီးမှုကြောင့် အစာမကြေဖြစ်နေရင် ကလေးတစ်ယောက်ဟန်ပန် ယောဂကျင့်တာကြောင့် စိတ်တည်ငြိမ်စေပါတယ်။ ကြမ်းပြင်ပေါ်မှောက်လျက် အနေအထားနဲ့နေပြီး ရှေ့လက်နှစ်ချောင်းကို ထောက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို မြှင့်လိုက်ပါ။ ဒီအနေအထားဟာ ပခုံး၊ ခါးနဲ့ ဝမ်းဗိုက်တွေကို သက်သာစေတဲ့ နည်းတွေဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top