Healthy Life Ad
Health Tips

နှာခေါင်းပိတ်ဝေဒနာကို ၁၅ မိနစ်အတွင်း သက်သာစေမည့် နှိပ်နယ်နည်း

———၊ လရိပ်မေ ၊———

alignnone size-medium wp-image-61453

နှာခေါင်းပိတ်တဲ့သူတွေက ဖြစ်နိုင်သမျှ မြန်မြန်ဆိုသလို နှာခေါင်းပိတ်တဲ့ဝေဒနာကို ပျောက်လိုကြပါတယ်။ နှာခေါင်းပိတ်တာကို အမြန်ဆုံး သက်သာစေမယ့် နှိပ်နယ်နည်းတွေကို မျှဝေပေးလိုက်ရပါတယ်။

alignnone size-medium wp-image-61454
(၁) မျက်ခုံးနှစ်ခုကြားအမှတ်ကို နှိပ်ပါ

မျက်ခုံးနှစ်ခုကြား ပုံမှာပြထားတဲ့ အမှတ်နေရာကို အချိန်တစ်မိနစ်ခန့် ညင်ညင်သာသာ နှိပ်ပေးပါ။ ဒီနှိပ်တာက နှာခေါင်းမြှေးတွေကို သက်ရောက်မှုရှိစေပြီး နှာခေါင်းမြှေးခြောက်သွေ ့တာနဲ့ ရောင်ရမ်းတာတွေ မဖြစ်အောင် ကာကွယ်ပေးပါ။ ဒါ့အပြင် နှာရိုးမြှေးပေါ် ဖိအားသက်ရောက်မှုကိုလည်း လျော့ကျစေပါတယ်။

alignnone size-medium wp-image-61455
(၂) နှာရိုးဘေးနေရာကို နှိပ်နယ်ပါ

လက်ညှိုးနဲ့ လက်ခလယ်ကိုသုံးပြီး နှာတံဘေးတစ်ဖက်တစ်ချက် နေရာကို စက်ဝိုင်းပုံစံအတိုင်း အချိန် ၁-၂ မိနစ်ခန့် လှည့်လည်ကာ နှိပ်ပေးပါ။ ဒီနှိပ်နယ်နည်းက နှာခေါင်းကို ပွင့်စေပြီး နှာခေါင်းကနေ လေထွက်ရ လွယ်ကူသွားစေပါတယ်။

alignnone size-medium wp-image-61456
(၃) နှာခေါင်းနှင့် နှုတ်ခမ်းကြား အမှတ်ကို နှိပ်ပေးပါ

အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းကြား အမှတ်နေရာကို အချိန် ၂-၃ မိနစ်ခန့် ညင်ညင်သာသာ နှိပ်ပေးပါ။ ဒီလှည့်ကွက်က နှာခေါင်းရောင်ရမ်းမှုကို လျော့ပါးစေပါတယ်။

alignnone size-medium wp-image-61457
(၄) လေထုစိုထိုင်းစေသော စက်သုံးပါ

လေထုစိုထိုင်းမှုက ၄၀ ရာခိုင်နှုန်းထက် နည်းတယ်ဆိုရင် နှာခေါင်းအချွဲကခြောက်ပြီး အသက်ရှူရတာကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ အချွဲတွေများလွန်းပြီး စိုထိုင်းဆက နည်းနေရင် ဘက်တီးရီးယားပိုးဝင်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာ ပြင်းပြင်းထန်ထန် ဖြစ်ပွားနိုင်ပါတယ်။ အစိုဓာတ်အများဆုံး ပမာဏက ၄၀-၆၀ ရာခိုင်နှုန်းရှိရပါမယ်။

alignnone size-medium wp-image-61458
(၅) နှာခေါင်းထိပ်ကို အပူပေးပါ

နှာခေါင်းပေါ်မှာ ပိတ်စနွေးနွေးလေး အုပ်ပေးပါ။ ပိတ်စနွေးနွေးလေးက မပူလွန်းသင့်ပါဘူး။ သင့်တော်တဲ့ အပူချိန်သာ ရှိသင့်ပါတယ်။ ပိတ်စနွေးနွေးလေး က နှာခေါင်းအချွဲကို ပွင့်စေပါတယ်။ ပူနွေးအောင် လုပ်ပြီးတဲ့အခါ နှာခေါင်းကို မှုတ်ထုတ်လိုက်ပါ ဒါမှမဟုတ် ဆားရေနဲ့ဆေးလိုက်ပါ။

alignnone size-medium wp-image-61459
(၆) ဓာတ်မတည့်မှုက နှာရည်ယိုစေလျှင် လေ့ကျင့်ခန်းလုပ်ပါ

နှလုံးခုန်နှုန်းမြင့်တက်ပြီး ခန္ဓာကိုယ်က နွေးထွေးနေတဲ့အခါ နှာခေါင်းအချွဲတွေပေါ် ကောင်းတဲ့သက်ရောက်မှုရှိစေကာ နှာခေါင်းကနေ လေမှုတ်ထုတ်ရလွယ်စေပါတယ်။ အချိန် ၁၅ မိနစ်ခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာက ဓာတ်မတည့်လို့ဖြစ်တဲ့ နှာခေါင်းရောင်ရမ်းတာနဲ့ နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top