Healthy Life Ad
Health Tips

ပန်းသီးရှလကာရည်၏ ကျန်းမာရေး စွမ်းပကား

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သင့်အိမ်မှာ ပန်းသီးရှလကာရည်ရှိရုံနဲ့ ဖြေရှင်းနိုင်တဲ့ ဝေဒနာတွေရှိပါတယ်။ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို အကြံပြုလိုက်ပါတယ်။

(၁) ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေပါတယ်
လေ့ကျင့်ခန်းလုပ်တာနဲ့ စိတ်ဖိစီးမှု အလွန်အမင်းများတာတွေကြောင့် ခန္ဓာကိုယ်ထဲမှာ လက်တစ်အက်စစ်တွေစုပုံလာနိုင်ပြီး ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က ပန်းသီးရှလကာရည်ကို ဖြေဆေးအဖြစ် အသုံးပြုနိုင်တာပါပဲ။ အဲဒီရှလကာရှည်မှာ ပိုတက်ဆီယမ်နဲ့ အင်ဇိုင်းတွေပါဝင်ကာ ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေပါတယ်။

မှီဝဲရမယ့်နည်းကတော့ ရှလကာရည် ထမင်းစားဇွန်းတစ်ဇွန်း-နှစ်ဇွန်းကို ရေတစ်ဖန်ခွက် ဒါမှမဟုတ် သစ်သီးဖျော်ရည်တစ်ဖန်ခွက်နဲ့ ရောမွှေပြီး သောက်သုံးရမှာဖြစ်ပါတယ်။

(၂) သွားတွေကို ဖြူဖွေးလှပစေပါတယ်
နံနက်ခင်းအချိန်မှာ ပန်းသီးရှလကာရည်နဲ့ အာခေါင်အထိ ရောက်အောင် ပလုတ်ကျင်းပေးပါ။ အဲဒီ ရှလကာရည်ဟာ သွားဖုံးနဲ့ ပါးစပ်ထဲက ဘက်တီးရီးယားတွေကို သေစေနိုင်သလို သွားချေးတွေကို ကင်းစင်စေတာကြောင့် သွားတွေကို ဖြူဖွေးလှပစေပါတယ်။ ပလုတ်ကျင်းပြီးတာနဲ့ပုံမှန်အတိုင်း သွားတိုက် ပေးပါ။ တစ်ပတ်တစ်ကြိမ် ဆော်ဒါမှုန့်နဲ့ သွားတိုက်ပေးဖို့ လိုပါတယ်။ ဒီလိုလုပ်တာက သွားချေးတွေကို ကင်းစင်စေပြီး သွားတွေကို ဖြူဖွေးလှပစေပါတယ်။ သွားဖုံးတွေက အနံ့အသက် မကောင်းရင် ဆားကို သုံးပြီးလည်း တစ်ရက်ခြားတစ်ကြိမ် သွားတိုက်ပေးနိုင်ပါတယ်။

(၃) ဗိုက်မကောင်းရင် သက်သာစေပါတယ်
ပန်းသီးရှလကာရည်ရေအနည်းငယ်ကို ငုံထားလိုက်ပါ။ ဝမ်းလျှောစေတဲ့ အခြေခံအချက်က ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်တတ်တဲ့အတွက် ရှလကာရည်ကို သုံးသင့်တာပါ။ ရှလကာရည်မှာ ပိုးသတ် ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ ရှလကာရည်မှာ ပက်တင်ပါဝင်တာကြောင့် အူလမ်းကြောင်းဝေဒနာကို သက်သာစေနိုင်ပါတယ်။

(၄) အစာမကြေဝေဒနာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်
အစာမစားခင် ပန်းသီးရှလကာရည်ကို တစ်ငုံငုံပေးပါ။ အစားအသောက်တွေကို အလွန်အမင်း စားသောက်ပြီးမှ အစာမကြေတာမျိုးဖြစ်ပြီး နောင်တရနေမယ့်အစား အစာမကြေမဖြစ်စေဖို့ ကြိုတင်ကာကွယ်တဲ့နည်းကို သုံးပါ။ မှီဝဲသင့်တဲ့နည်းကတော့ ပျားရည်လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ပန်းသီးရှလကာရည် လက်ဖက်စားဇွန်း တစ်ဇွန်းတို့ကို ရေနွေးတစ်ဖန်ခွက်ထဲရောထည့်ပြီး အစာမစားခင် မိနစ် ၃၀အလိုမှာ သောက်ပေးရမှာ ဖြစ်ပါတယ်။

(၅) ကြို့ထိုးတာကို သက်သာစေပါတယ်
ကြို့ထိုးနေရင် ပန်းသီးရှလကာရည် လက်ဖက်စားဇွန်းတစ်ဇွန်းကို မျိုချလိုက်ပါ။ ချဉ်တဲ့အရသာ ရှိတာကြောင့် ကြို့ထိုးတာကို ရပ်သွားစေပါတယ်။

(၆) ညဘက် ခြေသလုံးကြွက်တက်တာကို သက်သာစေပါတယ်
ညဘက်မှာ ခြေသလုံးကြွက်သားတွေတောင့် တင်းပြီး ကြွက်တက်သလို ဖြစ်နေရင် ရှလကာရည် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ ပျားရည်အနည်းငယ်ကို ရေတစ်ဖန်ခွက်ထဲ ရောထည့်ပြီး သောက်ပေးသင့်ပါတယ်။

(၇) နှာခေါင်းပိတ်တာကို သက်သာစေပါတယ်
နှာခေါင်းပိတ်နေရင် ပန်းသီးရှလကာရည် လက်ဖက်စားဇွန်းတစ်ဇွန်းကို ရေတစ်ဖန်ခွက်ထဲရောထည့်ပြီး သောက်ပေးပါ။ နှာခေါင်းတွင်း အရည်စီးဆင်းမှုကို ကောင်းမွန်စေတာကြောင့် နှာခေါင်းမပိတ်စေနိုင်ပါဘူး။

(၈) လည်ချောင်းနာတာကို သက်သာစေပါတယ်
လည်ချောင်းနာနေရင် ပိုးမွှားတွေကို တွန်းလှန်ပေးနိုင်တဲ့ ရှလကာရည်ကို သတိရလိုက်ပါ။ ပိုးမွှား အများစုက ရှလကာရည်ရှိတဲ့ အက်စစ်ပတ်ဝန်းကျင်မှာမရှင်သန်နေနိုင်ပါဘူး။ မှီဝဲရမယ့်နည်းကတော့ ရှလကာရည်ခွက်ရဲ့ လေးပုံတစ်ပုံကို ကြက်သီးနွေးရေခွက်ရဲ့လေးပုံတစ်ပုံနဲ့ ရောမွှေပြီး တစ်နာရီကြာတိုင်း တစ်ကြိမ် ပလုတ်ကျင်းပေးရမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top