Healthy Life Ad
Q & A

သွေးတွင်းဂလူးကို့စ်အဆင့် နည်းရင် . . .

မေး ။ ဆေးစစ်ရာမှာ သွေးတွင်းဂလူးကို့စ်အဆင့် နည်းရင် ဘာဖြစ်တတ်ပါသလဲ ဆရာ။ ပုံမှန်ဖြစ်အောင် ဘယ်လိုစားသောက်သင့်ပါသလဲ။
ကိုလတ်(FB)

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ သာမန်လူတစ်ယောက်ကတော့ သွေးတွင်းဂလူးကို့စ်ကို ပုံမှန်အနေအထားရောက်အောင် ထိန်းသိမ်းထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အစာမစားဖြစ်လို့ ခန္ဓာကိုယ်ထဲ ကစီဓာတ်၊ အချိုဓာတ်တွေ ဝင်မလာတဲ့အခါ အသည်းကနေ သိမ်းထားတဲ့ ဂလိုင်ကိုဂျင်တွေကို ချေဖျက်ပြီး ဂလူးကို့စ်အနေနဲ့ သွေးထဲကို ပြန်လွှတ်ပေးပြီး သွေးထဲမှာ သတ်မှတ်ထားတဲ့ ပမာဏရှိအောင် ခန္ဓာကိုယ်က ထိန်းသိမ်းထားပါတယ်။ အဲဒီလိုထိန်းသိမ်းထားနိုင်မှု ပျက်ယွင်းသွားတဲ့အခါ အချိုဓာတ်ကျတတ်ပါတယ်။ ဆီးချို ဆေးသောက်နေတဲ့သူမှအပ သွေးတွင်းအချိုဓာတ် ကျတာ ဖြစ်ပွားမှုနှုန်းနည်းပါတယ်။ ဘယ်လိုလူတွေ ဖြစ်တတ်သလဲဆိုတော့ အသည်းထဲကနေ ထိန်းထားတဲ့ ဂလိုင်ကိုဂျင်ကို ပြန်မထုတ်ပေးနိုင်တဲ့ အသည်း ရောဂါရှိသူတွေ၊ အရက်သောက်သူတွေ၊ အင်ဆူလင်အများကြီး ထုတ်လုပ်ပေးတဲ့အခြေအနေရှိသူ တွေကတော့ ဖြစ်တတ်ပါတယ်။ သာမန်လူတွေအနေနဲ့ကတော့ စားတဲ့အချိန် ဝေးသွားပြီဆိုရင် ဒီလိုမျိုး သွေးတွင်း အချိုဓာတ် အနည်းငယ်ကျတာ ဖြစ်တတ်ပါတယ်။ တအားကျသွားရင်တော့ ရောဂါတွေကို ရှာဖွေစစ်ဆေးဖို့ လိုနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top