Healthy Life Ad
Life Style

သင့်အိမ်က ဘိုးဘိုးဘွားဘွားစိတ်ကျရောဂါ ဖြစ်နေပြီလား . . .

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

အသက်ကြီးသူတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်မှာ စိတ်ကျဝေဒနာခံစားရတတ်ပါတယ်။ အကြောင်းရှာလိုက်တော့ အသက်ကြီးလာတာကိုက စိတ်ဓာတ်ကျစေတဲ့ အကြောင်းတစ်ချက်ဖြစ်နေတာကို တွေ့ရပါတယ်။ အိမ်ထောင်ပျက်တာ၊ အိမ်ထောင်ဖက်ကွယ်လွန်သွားတာ၊ နာတာရှည်ရောဂါဖြစ်တာနဲ့ စီးပွားရေးကျဆင်းသွားတာတွေကလည်း စိတ်ဓာတ်ကျစေတဲ့ အကြောင်းတွေထဲမှာ ပါဝင်နေပါတယ်။ အသက်ကြီးမှ စိတ်ကျဝေဒနာခံစားရပြီဆိုရင် နောက်တစ်ကြိမ်ထပ်မံ စိတ်ဓာတ်ကျနိုင်ခြေရှိတာကြောင့် စနစ်တကျ ကုသဖို့လိုပါတယ်။ သင့်အိမ်က ဘိုးဘိုးဘွားဘွားအရွယ် အသက်ကြီးသူတွေမှာ စိတ်ကျရောဂါရှိ၊ မရှိဆိုတာသိအောင် မေးခွန်း ၁၅ခုကို မေးမြန်းနိုင်ပါတယ်။

မေးခွန်း (၁)ဘဝကို ကျေနပ်နှစ်သိမ့်မှုရှိသလား။
မေးခွန်း (၂) အရင်က စိတ်ပါဝင်စားမှုရှိခဲ့တဲ့ အလုပ်တွေကို မလုပ်နိုင်တော့ဘူးလား၊ စိတ်မဝင်စားတော့ဘူးလား။
မေးခွန်း (၃) ဘဝမှာ နေရတာ အဓိပ္ပာယ်မဲ့သလို ခံစားနေရသလား။
မေးခွန်း(၄) ပျင်းရိတယ်လို့ မကြာခဏခံစားနေရသလား။
မေးခွန်း (၅) စိတ်ကြည်လင်နေတယ်ထင်သလား။
မေးခွန်း (၆) အဆိုးတွေ၊ မကောင်းတာတွေ ကြုံရမှာကို ကြောက်ရွံ့နေလား။
မေးခွန်း(၇) အချိန်အတော်များများမှာ ပျော်ရွှင်တယ်လို့ ခံစားနေရသလား။
မေးခွန်း (၈) ကူရာမဲ့ ကယ်ရာမဲ့ ဖြစ်နေတယ်လို့ ခံစားနေရသလား။
မေးခွန်း (၉) အိမ်မှာပဲ နေချင်သလား။
မေးခွန်း (၁၀) မှတ်ဉာဏ်တွေက အရင်ကထက် ပိုပြီး မေ့လျော့နေသလား။
မေးခွန်း (၁၁) အသက်ရှင်ရတာ ထူးဆန်းတယ်လို့ ထင်နေသလား။
မေးခွန်း (၁၂) ဘဝမှာ နေရတာ ကိုယ့်ကိုယ် ကိုယ်တန်ဖိုးမရှိသလို ခံစားနေရလား။
မေးခွန်း (၁၃) အားပြည့်တယ်လို့ ခံစားရသလား။
မေးခွန်း(၁၄) ကိုယ့်ဘဝရဲ့ အခြေအနေက မျှော်လင့်ချက်မဲ့နေသလား။
မေးခွန်း (၁၅) လူအတော်များများက ကိုယ့်ထက်သာတယ်လို့ ထင်နေလား။

အပေါ်က မေးခွန်းတွေကို ဟုတ်တယ်၊ မဟုတ်ဘူးဖြေခိုင်းပြီး ဟုတ်တယ်ဆိုတဲ့ အဖြေက ၅ခုထက်ပိုများနေရင် စိတ်ကျဝေဒနာလို့ အကြမ်းဖျင်း ယူဆလို့ရတာကြောင့် စိတ်ကျန်းမာရေး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top