Healthy Life Ad
International

နာမကျန်းဖြစ်နေလျှင် အိပ်စက်မှုကိုဆေးဝါးကဲ့သို့ အသုံးပြုသင့်

၊ ကိုထက် ၊

နေမကောင်းဖြစ်နေတဲ့အခါ ပထမဆုံး လုပ်သင့်တဲ့အချက်က အိပ်ရေးဝ၀ အိပ်စက်အနားယူဖို့ပဲဖြစ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။နေမကောင်းဖြစ်နေချိန်မှာ တာရှည် အိပ်စက် အနားယူတာက ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး ကူးစက်ပိုးတွေကို ကောင်းစွာတွန်းလှန်စေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ပင်ဆဲလ်နေးဗီးယားတက္ကသိုလ် လေ့လာသူတွေက တိရစ္ဆာန်တွေကိုလေ့လာခဲ့ရာ အိပ်စက် အနားယူတာကြောင့် ကိုယ်ခံစွမ်းအားစနစ်ရဲ့ တုံ့ပြန်မှုကိုမြင့်တက်စေပြီး ကူးစက်ပိုးဝင်တဲ့ အခြေအနေကနေ အမြန်ဆုံး သက်သာစေတာကိုတွေ့ရှိရကြောင်း ဆိုပါတယ်။

“နာမကျန်းဖြစ်တဲ့အခါ အိပ်စက်အနားယူတာက ကိုယ်ခံစွမ်းအားစနစ်ကို မြင့်တက်စေပါတယ်” လို့ လေ့လာသူ ဝီလျံက ရှင်းပြပါတယ်။အိပ်စက်တဲ့အတွက် ကိုယ်ခံစွမ်းအားစနစ်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိပုံကို တွေ့ရှိခဲ့တာ ဖြစ်ပြီး များများအိပ်တဲ့သူတွေက သူတို့ကိုယ်ထဲက ဘက်တီးရီးယားပိုးတွေကို ထိထိရောက်ရောက်ရှင်း ထုတ်နိုင်စွမ်းရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

(Ref;zeenews)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top