Healthy Life Ad
Q & A

မကြာခဏလေအောင့်လေနာဝေဒနာ ဖြစ်တတ်ပါတယ် …

မေး. မကြာခဏ လေအောင့်လေနာဝေဒနာ ဖြစ်တတ်ပါတယ်။ ဘယ်လို အစားအသောက်တွေကို ဆင်ခြင်သင့်ပါသလဲ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. မကြာခဏ လေအောင့်လေနာဝေဒနာဖြစ်ရင် အဓိက ရှောင်ရမှာကတော့ ကဖင်းပါတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာ စတာတွေကို ရှောင်ရပါမယ်။ အစပ်ရှောင်ရပါမယ်။ နောက်တစ်ခုက ကင်မ်ချီ၊ မုန်ညင်းချဉ် စတဲ့ လက်လုပ်ချဉ်တွေ မစားရပါဘူး။ ကောက်ညင်းနဲ့လုပ်ထားတဲ့ ဆီထမင်း၊ ကောက်ညင်းပေါင်း၊ ခေါပုတ်ကြော် စတာတွေကို ရှောင်ရပါမယ်။ အဲဒီအစာတွေက Glycemic Index များတဲ့အတွက် အစာအိမ်ထဲရောက်သွားတဲ့အခါ ဂလူးကို့စ်အဆင့်များပြီး အစာခြေဖျက်ရတာများတဲ့အတွက် ဆင်ခြင်သင့်ပါတယ်။ ဆေးလိပ်နဲ့ အရက်မသောက်သင့်ပါဘူး။ လေအောင့်လေနာတတ်သူတွေက အက်စစ်များတဲ့အတွက် အယ်လ်ကာလီဖြစ်အောင် နွားနို့သောက်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top