Healthy Life Ad
Life Style

ချိုင်းအောက်ရှိ အဖု နာကျင်နေလျှင်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ချိုင်းမှာရှိတဲ့ သားနံရည်ကျိတ်ရောင်ရမ်းလာပြီး အလုံးအဖုဖြစ်လာတတ်ပါတယ်။ အဲဒီအလုံးအဖုတွေ နာကျင်လာတယ်ဆိုရင် ကူးစက်ပိုးဝင်နေလို့ပါ။ ပိုဆိုးတာက ကင်ဆာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ချိုင်းမှာရှိတဲ့အဖုက သူ့အလိုလိုမပျောက်ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

သတိပြုဆင်ခြင်ရမှာတွေ

(၁) ချိုင်းလိမ်းတောင့်နဲ့ ရေမွှေးက ပိုဆိုးစေနိုင်ပါတယ်။

(၂) ချိုင်းမွှေးရိတ်တာကို ရှောင်ရပါမယ်။

(၃) အလုံးအဖုက တစ်ပတ်ကျော်ကြာတဲ့အထိရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ။

(၄) အလုံးအဖုကို လက်နဲ့ ကုတ်ခြစ်တာမျိုး မလုပ်ပါနဲ့။

(၅) ကူးစက်ပိုးဝင်တဲ့အပိုင်းကို သန့်ရှင်းရေးလုပ်တဲ့အခါ ကြက်သီးနွေးရေသုံးပါ။

(၆) တခြားသူတွေသုံးတဲ့ အမွှေးနံ့သာကို မရှုမိအောင် ဆင်ခြင်ပါ။

(၇) တခြားသူနဲ့အတူ ကိုယ်တိုက်တဘတ် မျှဝေမသုံးပါနဲ့။

အိမ်တွင်းကုထုံးများ

(၁) ပူစပ်သောအစာများ ရှောင်ပါ

ပူစပ်တဲ့အစာနဲ့ အဆီအအိမ့်များတဲ့ အစာတွေက ချွေးထွက်စေပြီး ချိုင်းမှာ ချွေးတွေစုနေတတ်ပါတယ်။ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားတတ်တဲ့အတွက် အနာမြန်မြန်ကျက်ချင်ရင် အဲဒီအစာတွေရှောင်ပါ။

(၂) တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားပါ

တစ်ကိုယ်ရေသန့်ရှင်းရေးကို ကောင်းစွာအလေးထားလုပ်ဆောင်သင့်ပါတယ်။

(၃) နာကျင်စေသောအစာများ ရှောင်ပါ

နာကျင်ကိုက်ခဲမှုကိုအားပေးတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။

(၄) ရေပူနဲ့ရေအေး တလှည့်စီချိုးပါ

ရေပူချိုးရင် သွေးလှည့်ပတ်မှုကောင်းစေပေမယ့် ရေအေးချိုးရင်အလုံးအဖုရဲ့ နာကျင်မှုသက်သာစေပါတယ်။ ဒါကြောင့် ရေပူနဲ့ရေအေး တစ်လှည့်စီချိုးပေးပါ။

(၅) ကြက်သွန်ဖြူစားပါ

ကြက်သွန်ဖြူမှာရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိတာကြောင့် စားပေးပါ။

(၆) ဗီတာမင်အေ ရယူပါ

သင်္ဘောသီးနဲ့ မုန်လာဥနီမှာ ဗီတာမင်အေ ပါဝင်မှုများတာကြောင့် များများစားပေးရင် ချိုင်းမှာရှိတဲ့ အလုံးအဖုကို သိသိသာသာလျော့ပါးပြီး အနာကျက်စေပါတယ်။

(၇) ကဖင်းလျှော့ပါ

ကော်ဖီနဲ့ လက်ဖက်ရည်မှာပဲ ကဖင်းဓာတ်ပါတာ မဟုတ်ပါဘူး။ ချောကလက်မှာလည်း ပါတတ်ပါတယ်။ အဲဒါတွေကို ဒီအချိန်မှာ ခဏလျှော့သင့်ပါတယ်။

(၈) နနွင်းသုံးပါ

နနွင်းမှာ ဘက်တီးရီးယားပိုးဟန့်တားပြီး ရောင်ရမ်းမှုလျော့ကျစေတဲ့ အစွမ်းရှိတဲ့အပြင် နာကျင်မှုကိုသက်သာစေပါတယ်။ နနွင်းမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်းကို နွားနို့ပူပူတစ်ခွက်ထဲထည့်သောက်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top