Healthy Life Ad
Health Tips

သွားဖုံးအရောင် ဖျော့တော့နေလျှင်

ယေဘုယျအားဖြင့် ကျန်းမာတဲ့သွားဖုံးဆိုတာ ပန်းရောင်သမ်းနေပါတယ်။ သွားဖုံးက အရောင်ဖျော့တော့နေပြီ ဆိုရင်တော့ ပုံမှန်သွားဖုံးအရောင်ဖြစ်အောင် အိမ်တွင်းကုထုံးလေးတွေကို ပြုလုပ်ပေးသင့်နေပါပြီ။

– သံဓာတ်ချို့တဲ့သည့် သွေးအားနည်းရောဂါ

သွေးထဲမှာ သွေးနီဥအလုံအလောက်မရှိတဲ့အခါ သွေးအားနည်းရောဂါ တစ်မျိုးဖြစ်တတ်ပါတယ်။ အဲဒီအခါ သွားဖုံးတွေ အရောင်ဖျော့တော့တတ်ပြီး လျှာက နီမြန်းရောင်ရမ်းလာတတ်ပါတယ်။ သွေးအားနည်းရောဂါ ရှိ၊ မရှိ ကျန်းမာရေးစစ် ဆေးကြည့်ပါ။

– သွားဖုံးရောဂါ

သွားဖုံးရောဂါဖြစ်ရင် နီမြန်းရောင်ရမ်းနေမယ်လို့ပဲ လူတွေက သိကြပါတယ်။ တချို့သော အခြေအနေမှာ သွားဖုံးရောဂါဖြစ်ရင် သွားဖုံးထိခိုက်ပြီး အရောင်ဖျော့တော့နေတတ်ပါတယ်။ ဒါဆိုရင်တော့ သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(၁) သွားဖုံးပေါ် အုန်းဆီစစ်စစ် လိမ်းပါ

သွားဖုံးပေါ် အုန်းဆီစစ်စစ်လိမ်းပေးရင် သွားဖုံးပေါ်က အဆိပ်အတောက်နဲ့ ပိုးမွှားတွေ ကင်းစင်စေပါတယ်။ တစ်နေ့ နှစ်ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။

(၂) ဗီတာမင်စီများများ မှီဝဲပါ

ဗီတာမင်စီက သင့်ခန္ဓာကိုယ်ရဲ့ သံဓာတ်စုပ်ယူမှုကို ကောင်းမွန်စေပါတယ်။ အချဉ်အရသာရှိတဲ့ သစ်သီးဝလံတွေစားပေးရင် သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါကို တွန်းလှန်ပေးပြီး ကိုယ်ခံအားစနစ်ကိုသန်စွမ်းကျန်းမာစေပါတယ်။

(၃) ရှားစောင်းလက်ပပ်အနှစ်နဲ့ နှိပ်ပါ

ရှားစောင်းလက်ပပ်အနှစ်ကိုယူပြီး သွားဖုံးပေါ်မှာ သုတ်လိမ်းကာ တစ်နေ့နှစ်ကြိမ်-သုံးကြိမ်လောက် နှိပ်နယ်ပေးပါ။ ပြီးမှ ရေနဲ့ကောင်းစွာ သန့်စင်ဆေးကြောပေးရပါမယ်။

(၄) သံဓာတ်ပါဝင်သည့် အစာစားပါ

သံဓာတ်များတဲ့ အစားအသောက်တွေစားရင် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ သံဓာတ်ပါဝင်တဲ့ အနီရောင်အသား၊ ပင်လယ်စာ၊ ပဲသီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးခြောက်တွေကို စားပေးပါ။

(၅) ဗီတာမင်ဘီအုပ်စုကိုရယူပါ

ဗီတာမင်ဘီအုပ်စုက သွေးနီဥထုတ်လုပ်မှုအတွက် အရေးပါတဲ့အရာပါ။ ဗီတာမင်ဘီအုပ်စုချို့တဲ့နေရင် သွားဖုံးအရောင်ဖျော့နိုင်တာကြောင့် အနီရောင်အသား၊ ကြက်သား၊ နွားနို့နဲ့ ဥအမျိုးမျိုးတို့လို ဗီတာမင်ဘီပါတဲ့ အစားအသောက်တွေကို စားပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top