Healthy Life Ad
Health Tips

သွေးတိုးခြင်းအတွက် သဘာဝကုထုံး ငါးခု

သွေးတိုးတဲ့အခါ၊ ခေါင်းမူးတဲ့အခါ လိုက်နာသင့်တဲ့ သဘာဝကုထုံးငါးရပ်ကို မျှဝေလိုက်ပါတယ်။

သဘာဝကုထုံး (၁) ကြက်သွန်ဖြူ

ကြက်သွန်ဖြူစားတာကြောင့် သွေးပေါင်ကို ထိန်းညှိပေးနိုင်ပါတယ်။

သဘာဝကုထုံး (၂) အချိုနှင့် အဆီအအိမ့်ရှောင်ခြင်း

အချိုနဲ့ အဆီအအိမ့်တွေက အဝလွန်တာ၊ သွေးတွင်း သကြားဓာတ်များတာတို့ ဖြစ်စေနိုင်ပါတယ်။ အငန်ဓာတ်ပါတဲ့ အစားအသောက်တွေက သွေးတိုးစေနိုင်ပါတယ်။ သွေးတိုး၊ ဆီးချို၊ အဝလွန် စတဲ့ရောဂါတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်ဖြစ်ပေါ်တတ်တာကြောင့် ဒါတွေကိုဆင်ခြင်ပါ။

သဘာဝကုထုံး (၃) အစေ့အဆန်စားခြင်း

အစေ့အဆန်နဲ့ အခွံမာစေ့တွေကိုစားရင် သွေးတိုးကို ထိန်းနိုင်ပါတယ်။

သဘာဝကုထုံး (၄) ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစားခြင်း

ဗီတာမင်၊ သတ္တုဓာတ်ပါဝင်မှုများပြီး အဆီနည်းတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားရင် သွေးတိုးကို ထိန်းနိုင်ပါတယ်။

သဘာဝကုထုံး (၅) ဘဝနေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်း

ကိုယ်အလေးချိန်ဝနေရင် လျှော့ချတာ၊ ဆား စားသုံးမှုကိုလျှော့တာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားသောက်တာတို့ လုပ်ဆောင်ပေးရင် သွေးတိုးကိုကျစေပါတယ်။ စိတ်ဖိစီးမှုများရင် ယာယီသွေးတိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ထိန်းချုပ်တာက သွေးတိုးရောဂါနဲ့ နှလုံးရောဂါတို့မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top