Healthy Life Ad
Q & A

သွေးတိုးတိုင်း စိုးရိမ်ရလား . . .

—–၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

Q. သွေးတိုးရင် စိုးရိမ်ရပါသလား ဆရာ။

A. သွေးတိုးတိုင်း စိုးရိမ်ရလားဆိုတာမျိုး လူနာတွေက မကြာခဏ မေးလေ့ရှိပါတယ်။ သွေးတိုးတာနဲ့အတူ အသက်ရှူမဝတာ၊ မောတာ၊ နှလုံးထိခိုက်တာ၊ ရင်ဘတ်အောင့်တာ၊ သတိလစ်တာ၊ တက်တာ၊ မောတာ၊ ရင်ကျပ်တာ စတဲ့ လက္ခဏာတွေ ပေါ်လာရင် စိုးရိမ်ရပါတယ်။ ဒီအခြေအနေကို Hypertensive Emergency လို့ ခေါ်ပါတယ်။ ဒီအခြေအနေမှာ သွေးပေါင်ကို ၂-၄ နာရီအတွင်း ပြန်ချဖို့ လိုပါတယ်။ ဒီအခြေအနေမှာ လူနာတွေအနေနဲ့ ထိုးဆေးနဲ့ ကုသမှုခံယူဖို့ လိုအပ်တာကြောင့် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားပြသင့်ပါတယ်။

သွေးပေါင်က ၁၈၀/ ၁၂၀ mmHg လောက်ရှိနေပေမယ့် လူနာက သတိရနေတယ်၊ ရင်ဘတ်မအောင့်ဘူး၊ မမောဘူး၊ ရင်မကျပ်ဘူးဆိုရင်တော့ ဒီအခြေအနေကို Hypertensive Urgency လို့ ခေါ်ပါတယ်။ ဒီအခြေအနေဆိုရင်တော့ မစိုးရိမ်ရပါဘူး။ ၂၄ နာရီအတွင်း သွေးပေါင်ကို ပုံမှန်ဖြစ်အောင် ပြန်ချပေးနိုင်ရင် အဆင်ပြေပါတယ်။ လူနာက သွေးလည်းတိုးပြီး သတိလည်းလစ်တယ်ဆိုရင်၊ သွေးလည်းတိုးပြီး ရင်ဘတ်လည်းအောင့်တယ်ဆိုရင်၊ သွေးလည်းတိုးပြီး တက်လည်းတက်တယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။ ဒီအခြေအနေမျိုးမှာတော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့လိုအပ်ပါတယ်။ ဒါကြောင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top