Healthy Life Ad
Health Tips

အစာမကြေ၊ ရင်ပြည့်ရင်ကယ် ဝေဒနာရှိသူတို့အတွက် အစာကြေစေမည့် အပင်ထွက်အစာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်တဲ့အခါ ဝေဒနာသက်သာစေမယ့် အပင်ထွက်အစာတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ရှလကာရည်

ရှလကာရည်မှာ အကျိုးပြုအင်ဇိုင်း၊ အကျိုးပြု ဘက်တီးရီးယားတွေနဲ့ အမိုင်နိုအက်စစ်တွေ ပါဝင်တဲ့အတွက် အစာထဲမှာထည့်စားရင် အစာကြေစေပါတယ်။ ဒါ့အပြင် ရင်ပူဝေဒနာသက်သာပြီး ကိုယ်ခံအားစနစ် အားကောင်းစေပါတယ်။ ရှလကာရည်ဟာ အစာကြေညက်စေတဲ့ အစာအိမ်အက်စစ် စံဓာတ်ကို သန်စွမ်းစေပြီး အစာကြေညက်စေပါတယ်။

(၂) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ဟာ အနာကျက်စေတဲ့ အပင်ဖြစ်ပြီး ရောင်ရမ်းမှုကို လျော့ကျစေသလို ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်။ အစာခြေစနစ် လုပ်ငန်းဆောင်တာကိုလည်း ကောင်းမွန်စေပါတယ်။

(၃) အချဉ်ဖောက်ထားသော ဟင်းသီးဟင်းရွက်များ

အချဉ်ဖောက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေဟာ အူလမ်းကြောင်းရှိ အက်စစ်ကို ပြောင်းလဲစေပြီး မကောင်းတဲ့ဘက်တီးရီးယား၊ မှိုနဲ့ ကန်ဒီဒါ ပေါက်ပွားမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကင်မ်ချီလို ဂေါ်ဖီချဉ်မှာ အကျိုးပြုဘက်တီးရီးယားပါတဲ့အတွက် စားသင့်ပါတယ်။

(၄) ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ဖန်းဂတ်စ်မှိုပိုးတွေကို ဆန့်ကျင်ပေးနိုင်တဲ့ အစွမ်းရှိတာကြောင့် အစာခြေစနစ် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top