Healthy Life Ad
Health Tips

လေချုပ်၊ ဝမ်းချုပ်ခြင်းကင်းပြီး အစာအိမ်နှင့် အူလမ်းကြောင်း သန့်စင်စေမည့် နည်းလမ်းများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ဝမ်းတစ်လုံးကောင်း၊ ခေါင်းမခဲဆိုသလို ဝမ်းမှန်လေမှန်တဲ့အခါ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေတတ်ပါတယ်။ နေ့စဉ် ပေါ့ပါးလန်းဆန်းနေစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေကို ဖော်ပြလိုက်ပါတယ်။

alignnone size-medium wp-image-63724
အမျှင်ဓာတ်ပါဝင်မှုများသော အစာစားပါ

သစ်သီး၊ ဟင်းသီးဟင်းရွက်တို့လို အမျှင်ဓာတ်များတဲ့ အစာတွေကို စားတာကြောင့် ဝမ်းပျော့ပျော့ သွားစေပါတယ်။ အဆီများတဲ့အစာ၊ အဖြူရောင်သကြား စတာတွေကို စားတာများရင် ဝမ်းချုပ်စေနိုင်ပါတယ်။ အမျှင်ဓာတ်များတဲ့ သစ်တော်သီး၊ ပန်းသီး၊ ဖွဲနု၊ ဘာလီစေ့၊ ပဲမည်း၊ ပဲနီလေး၊ ပဲစိမ်းနဲ့ ပန်းဂေါ်ဖီစိမ်း အစရှိတဲ့ အပင်ထွက်အစာတွေကို နေ့စဉ်စားပေးဖို့ လိုပါတယ်။

alignnone size-medium wp-image-63725
ဆီးသီးနှင့် ဆီးဖျော်ရည်သောက်ပါ

ဆီးသီးနဲ့ ဆီးဖျော်ရည်တွေမှာ အမျှင်ဓာတ်ပါဝင်မှုများပြီး ဝမ်းပျော့ပျော့သွားစေတဲ့ သကြားဓာတ် ဆော်ဘီတောလည်း ပါဝင်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေပါတယ်။

alignnone size-medium wp-image-63726
နံနက်စာအဖြစ် ဒိန်ချဉ်စားပါ

ဒိန်ချဉ်ဟာ အစာခြေလမ်းကြောင်းစနစ် ကျန်းမာစေပြီး ပုံမှန်လှုပ်ရှားနိုင်စေတဲ့ အစာဖြစ်ပါတယ်။ အူလမ်းကြောင်းကို ကျန်းမာစေပြီး အစာချေဖျက်ချိန်ကို လျော့ကျစေကာ အူလမ်းကြောင်းစနစ်တလျှောက် မစင်တွေကို မြန်မြန်ရွေ့လျားသွားစေပါတယ်။ ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယားလည်း ပါဝင်တာကြောင့် အစာအိမ်အူလမ်းကြောင်းစနစ်ကို ကျန်းမာသန့်စင်စေပါတယ်။ အချဉ်ဖောက်ထားတဲ့ တခြားအစာတွေက ကင်မ်ချီ၊ ဂေါ်ဖီချဉ်၊ မုန်ညင်းချဉ် အစရှိတဲ့ အစာတွေဖြစ်ပြီး အစာကြေညက်စေတဲ့အပြင် ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။

alignnone size-medium wp-image-63727
ရေများများသောက်ပါ

နေ့တိုင်း ရေများများသောက်တာက ခန္ဓာကိုယ်ထဲက စွန့်ပစ်ပစ္စည်းတွေကို မြန်မြန်ထွက်ရှိစေတဲ့ နည်းလမ်းကောင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။
နံနက်ခင်းမှာ ရေထဲ သံပရာရည်ညှစ်ထည့်ပြီး သောက်ပေးတာကြောင့် ဝမ်းချုပ်တဲ့ပြဿနာကို သက်သာစေပါတယ်။

alignnone size-medium wp-image-63728
ပုံမှန် အိမ်သာတက်တဲ့ အကျင့်ထားပါ

တစ်နေ့တစ်ချိန် အကျင့်လုပ်ပြီး အိမ်သာထဲ ထိုင်ပေးပါ။ နေ့တိုင်း အကျင့်လုပ်ပြီး ဝမ်းသွားပေးရင် အဲဒီအချိန် ရောက်လာတိုင်း အူလှုပ်ရှားမှု ဖြစ်လာပြီး ဝမ်းသွားစေပါလိမ့်မယ်။

လေ့ကျင့်ခန်းလုပ်ပါ

နေ့စဉ် လေ့ကျင့်ခန်းကို အသင့်အတင့် လုပ်ဆောင်ပေးတာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ တစ်နေ့မှာ မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးတာကြောင့် ဝမ်းချုပ်တဲ့ ဝေဒနာကို သက်သာစေပြီး ဝမ်းမှန်၊ လေမှန်ဖြစ်စေပါတယ်။

Most Popular

Healthy Life Ad
To Top