Healthy Life Ad
Uncategorized

အာခေါင်ခြောက်ခြင်း

မေး ။ အာခေါင်ခြောက်တာကို ဘယ်လိုလုပ်ရမလဲမသိလို့ပါ။ ဖြစ်တာကကြာနေပါပြီ။ အခုထိမသက်သာလို့ပါ။
Thaih Thaih (Fb)

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ အာခေါင်ခြောက်ရတဲ့ အကြောင်းရင်းက နှစ်မျိုး ရှိနိုင်ပါတယ်။ တစ်ခုက ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ဆုံးရှုံးတယ်။ Dehydration လို့ခေါ်ပါတယ်။ အဲဒီ လို ရေဓာတ်ခမ်းခြောက်သူတွေမှာ အာခြောက်တတ်ပါတယ်။ ဘယ်လိုလူတွေမှာ အများဆုံးတွေ့ရသလဲဆိုတော့ ဆီးချိုရောဂါရှိတဲ့သူတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။ နောက်တစ်ခါ ခန္ဓာကိုယ်ထဲက ရေဓာတ်ဆုံးရှုံးတဲ့ အခြေအနေမျိုး၊ ဥပမာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တယ်၊ ခန္ဓာကိုယ်အပူချိန်တက်တယ်၊ အဖျားကြီးတယ်၊ ချွေးထွက်များတယ်၊ ဝမ်းလျှောတယ် . . ဒီလို အခြေ အနေမှာ ရေဓာတ်ခမ်းခြောက်တတ်ပါတယ်။ ဒါဆိုရင် ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးရပါမယ်။ နောက်တစ်ခုက ရောဂါကြောင့် မဟုတ်ဘဲ ဖြစ်တတ်တာလေးတွေက နှာခေါင်းပိတ်နေလို့ ပါးစပ်နဲ့ အသက်ရှူတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။ ပါးစပ်နဲ့ လေဝင်လေထွက်လုပ်တဲ့အခါ အာခေါင်ခြောက်တတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်တာနဲ့ ရောဂါကြောင့် မဟုတ်ဘဲ အာခြောက်ရင်တော့ နှာခေါင်းနဲ့ ဆက်စပ်တဲ့ ရောဂါတွေကို ဆန်းစစ်ရှာဖွေရပါမယ်။ အထူးသဖြင့် အအေးမိတဲ့သူတွေ၊ နှာခေါင်းပိတ်တဲ့ သူတွေက ပါးစပ်နဲ့အသက်ရှူမိတဲ့အခါ အာခြောက်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top