Healthy Life Ad
Q & A

ထမင်းစားရင်း မတော်မဆ သီးခဲ့ရင် . . .

မေး. ထမင်းစားရင်း မတော်မဆသီးခဲ့ရင် နှာခေါင်းထဲထမင်းစေ့တို့၊ တခြားဟာတို့ဝင်ခဲ့ရင် အသက်ရှူလမ်းကြောင်း ပိတ်တတ်လားဗျ၊ အရေးကြီးနေလို့ပါ၊
ရဲသွေးနောင် (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သီးလိုက်တယ်ဆိုကတည်းကိုက အသက်ရှူလမ်းကြောင်းမပိတ်အောင် အတွင်းထဲကနေ ဖိအားနဲ့ကန်ထုတ်လိုက်တဲ့ သဘောပါ။ နှာခေါင်းထဲရောက်ပြီး အပြင်ကို မှုတ်ထုတ်နိုင်သွားရင် အဲဒီကိစ္စပြီးသွားပါပြီ။ နှာခေါင်းထဲရောက်တာကို အပြင်ကိုမထုတ်ဘဲ ပြန်ရှိုက်သွင်းလိုက်တယ် ဆိုရင်တော့ အသက်ရှူလမ်းကြောင်းထဲ ပြန်ရောက်ကောင်း ရောက်နိုင်ပါတယ်။ ဒါကြောင့် အစာ၊ ရေသီးပြီဆိုရင် အသက်ရှူလမ်းကြောင်းကနေ အပြင်ကိုရောက်အောင် အမြန်ထုတ်ပေးသင့်ပါတယ်။ အထဲကို ပြန်ရှူရှိုက်တဲ့နည်း မသုံးသင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top