Healthy Life Ad
Health Tips

ကျန်းမာရေးအတွက် ဘေဘီကွန်းစားပါ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဘေဘီကွန်းလို့ခေါ်တဲ့ ပြောင်းဖူးသေးသေးလေးတွေစားရင် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

– သွေးတိုးကျစေပါတယ်

ဘေဘီကွန်းမှာ ပိုတက်ဆီယမ် သတ္တုဓာတ်ပါဝင်တာကြောင့် သွေးတိုးရှိသူတွေမှာ သွေးပေါင်ထိန်းနိုင်ပါတယ်။

– မျက်စိကျန်းမာစေပါတယ်

ဗီတာမင်အေပါဝင်တဲ့အတွက် မျက်စိကျန်းမာရေးကောင်းစေပြီး အမြင်အာရုံဆိုင်ရာ ပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

– ကိုယ်ခံအား မြင့်တက်စေပါတယ်

ဗီတာမင်စီ ပါဝင်မှုမြင့်မားတာကြောင့် ကိုယ်ခံအားမြင့်တက်စေပါတယ်။

– ဝမ်းချုပ်ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်

အစိမ်းကြော်ထဲ ဘေဘီကွန်းထည့်ကြော်စားတာ၊ ဟော့ပေါ့ထဲ ဘေဘီကွန်းထည့်စားတာတွေကြောင့် အူလှုပ်ရှားမှုကောင်းမွန်စေပါတယ်။ ဘေဘီကွန်းမှာ အမျှင်ဓာတ်ပါဝင်မှုများတဲ့အတွက် အူထဲကအဆိပ်အတောက်တွေကို မြန်မြန်ဖယ်ရှားပေးနိုင်ပြီး ဝမ်းမှန်စေပါတယ်။

– အူမကြီးကင်ဆာအန္တရာယ် လျော့ကျစေပါတယ်

အမျှင်ဓာတ်ပါဝင်မှုများတဲ့ ဘေဘီကွန်းစားတာကြောင့် အူမကြီးကင်ဆာဖြစ်နှုန်း လျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top