Healthy Life Ad
Q & A

ကျောက်ကပ်မှာ ကျောက်တည်နေပါတယ် . . .

မေး. ဆရာကြီးခင်ဗျာ။ ကျွန်တော့်ကျောက်ကပ်မှာ ကျောက်တည်နေပါတယ်။ ဆီးကလည်းသွေးပါတယ်။ နည်းလမ်းကောင်းတွေ သိချင်ပါတယ်ခင်ဗျာ။
Ko Zin Myo (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ကျောက်ကပ်မှာ ကျောက်တည်ပြီး ဆီးကသွေးပါတယ်ဆိုရင် နာရမယ်။ ဆီးထဲမှာ သွေးပါပြီဆိုရင် ဆက်လက်စစ်ဆေးဖို့ လိုအပ်ပါတယ်။ မနာဘဲနဲ့သာ ဆီးထဲသွေးပါရင် ဆီးလမ်းကြောင်းတစ်နေရာမှာ ကင်ဆာဖြစ်နေသလားဆိုတာ စစ်ဆေးကြည့်ရပါတယ်။ ကျောက်ကပ်ကျောက်တည်တာရော၊ ဆီးထဲသွေးပါတာရော၊ နာတာရောရှိတယ်ဆိုရင် ဆီးလမ်းကြောင်းတစ်နေရာမှာ ဆီးကျောက်တစ်ဆို့မှု ရှိသလားဆိုတာကို စမ်းသပ်ရပါမယ်။ ဆီးကျောက်တည်ပြီး ဆီးထဲသွေးပါတယ်ဆိုရင် ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်တစ်ဦးဦးနဲ့ မလွဲမသွေပြသဖို့ အကြံပြုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top