Healthy Life Ad
Q & A

ကျောက်ကပ်မှာ ကျောက်တည်မှန်း ဘယ်လိုသိနိုင်ပါသလဲ . . .

မေး. ဆရာကြီးရှင့် ကျောက်ကပ်မှာ ကျောက်တည်မှန်း ဘယ်လိုသိနိုင်ပါသလဲရှင်။ သမီးက ညဘက်ဆီးသွားပြီး မနက်ဘက် ဆီးအိုးသွန်ရင် အနည်ထိုင်တာတွေ့ရတယ်။ ဒီအတိုင်းဆေးလို့မရဘူး။ စတီးခွေနဲ့ တိုက်မှရတယ်။ အဲ့ဒါဘာကြောင့်လဲသိချင်ပါတယ်။
ခင်သက်မာ (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ခန္ဓာကိုယ်ထဲက ကျောက်ကပ်ထဲကိုစွန့်ထုတ်တဲ့ အနည်ဓာတ်ကျောက်မှုန်လေးတွေ သူများထက် ပိုများတယ်ဆိုရင် ကျောက်ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ထဲ ကျောက်ဖြစ်ရုံနဲ့ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ တချို့ဆိုရင် လက်သီးဆုပ်အရွယ်လောက် ကျောက်ရှိနေရင်တောင် ဘာလက္ခဏာမှ မပြတာတွေရှိတတ်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တာကို အာထရာဆောင်းရိုက်ကြည့်မှပဲ သိနိုင်မှာဖြစ်ပါတယ်။ ကျောက်သေးသေးလေးတစ်လုံး ဒါမှမဟုတ် ကျောက်အကြီးကြီးက ပဲ့ထွက်လာတဲ့ ကျောက်အစလေးတွေဟာ ဆီးပြွန်ဝမှာတစ်လို့ရှိရင် ဘယ် ဒါမှမဟုတ် ညာဘက် တစ်တဲ့ဘက်မှာ ထိုးထိုးပြီးနာတတ်ပါတယ်။ ကျောက်ကြောင့် နာပြီဆိုရင် ဆီးပြွန်ဝမှာ တစ်နေပြီလို့ ယူဆလို့ရပါတယ်။ ရိုးရိုးကျောက်တည်ရုံနဲ့တော့ ဘာမှလက္ခဏာပြလေ့မရှိပါဘူး။

သာမန်ထက် ကျောက်မှုန်ဓာတ်တွေ ပိုထွက်တာရယ်၊ ရေသောက်နည်းတာရယ်ကြောင့် ဆီးထဲမှာ အနည်က သူများထက်ပိုပါနေတာပါ။ တစ်ညလုံး ဆီးသွားထားတော့ ပါတဲ့အနည်တွေက အောက်မှာအနည်ထိုင်သလိုဖြစ်ပြီး ဆီးအိုးဆေးရခက်တာပါ။ ဒီတော့ နေ့ခင်းနေ့လယ်ဘက်တွေမှာ ရေကိုပိုသောက်ပေးသင့်ပါတယ်။ ဒါဆိုရင် အနည်ကျတာ နည်းသွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top