Healthy Life Ad
International

မျက်နှာအကျိတ်ကြီးနဲ့ ဆယ်ကျော်သက် ကုသမှုခံယူ

၊ မိုးမင်းထွန်း ၊

အိုင်ဗရီကို့စ်နိုင်ငံမှ ဆယ်ကျော်သက်အရွယ် ပရော့စပါးမှာ အသက် ၁၁ နှစ်အရွယ်ကတည်းက ပါးတွေရောင်ရမ်းလာခဲ့ပါတယ်။ ဆင်းရဲတဲ့မိဘတွေက ဆေးမကုနိုင်တာကြောင့် မျက်နှာတစ်ခုလုံး ဖုံးအုပ်သွားပြီး အသက်ရှူရခက်ခဲကာ မျက်လုံးမဖွင့်နိုင်တော့ပါဘူး။ လူတိုင်းက ထိတ်လန့်ခဲ့ကြပြီး သူ့အနားမှာ ဖခင်တစ်ယောက်သာ ပြုစုဖို့ကျန်ရစ်ခဲ့ပါတယ်။

ဖခင်က အီတလီနိုင်ငံမှ လူမှုပရဟိတအဖွဲ့တစ်ခုနဲ့ ဆက်သွယ်နိုင်ခဲ့ပြီး ဒီအဖွဲ့ကဆေးကုဖို့ လက်ခံခဲ့ကာ အီတလီနိုင်ငံမှ ဆေးရုံသို့ သွားရောက်ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ဆရာဝန်တွေက စစ်ဆေးခဲ့ကြပြီး သူ့မှာ Burkitt’s lymphoma ခေါ် ခန္ဓာကိုယ် ခုခံအားစနစ်ထဲမှ ကျန်းမာတဲ့ဆဲလ်တွေကို တိုက်ခိုက်တဲ့ ရှားပါးတဲ့ ကင်ဆာရောဂါခံစားနေရကြောင်း တွေ့ရှိခဲ့ပါတယ်။ ကင်ဆာဆေးသွင်းကုသမှု၊ ဓာတ်ရောင်ခြည်ပေးကုသမှု၊ ပင်မဆဲလ်အစားထိုး ကုသမှုတွေ ခံယူခဲ့ရပါတယ်။ ဒီကုထုံးတွေပြီးရင် မျက်နှာမှ တစ်သျှူးအသေတွေကို ဖယ်ရှားဖို့ မျက်နှာအစားထိုး ကုသမှုခံယူရဖို့လည်းရှိနေပါတယ်။ လပေါင်းများစွာ ကုသမှုခံယူပြီးနောက် ပရော့စပါးရဲ့ မျက်နှာရောင်ရမ်းမှုလျော့ကျသွားပြီး မျက်လုံးတွေ ပြန်ဖွင့်နိုင်နေပြီလို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top