Healthy Life Ad
International

နှလုံးနှင့် ဘယ်ဘက်အဆုတ်ကြားရှိ ၆ ပေါင်ကျော်လေးသည့် အကျိတ်ကို သုံးနာရီကြာ ခွဲထုတ်ခဲ့ရ

၊ ကိုထက် ၊

အသက် ၆၅ နှစ်အရွယ် ဟေမန်ဒရာဂပ်တားဟာ အသက်ရှူရခက်ခဲပြီး ရင်ဘတ်အောင့်တဲ့ဝေဒနာကို ခံစားခဲ့ရတယ်။ သူခံစားရတဲ့ ဝေဒနာလက္ခဏာတွေက နှလုံးကျန်းမာရေးအခြေအနေကြောင့်ဖြစ်မယ်လို့ သူထင်ပြီး ဆေးသောက်နေခဲ့တယ်။ သူရဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာ ပိုဆိုးလာချိန်မှာ ဆရာဝန်တွေ စမ်းသပ်လိုက်တဲ့အခါ သူ့နှလုံးနဲ့ ဘယ်ဘက်အဆုတ်ကြား ကြီးထွားနေတဲ့ အကျိတ်ကြီးကြောင့် ဆရာဝန်တွေ အံ့အားသင့်ခဲ့ကြတယ်။

မွေးရာပါ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်ပြီး ကဘေးဘဝမှ အသက်ကြီးတဲ့အထိ ဖြည်းဖြည်းချင်းကြီးထွားလာနေတဲ့ အကျိတ် (Hamar-toma) ဖြစ်တယ်လို့ တွေ့ရှိခဲ့ပြီး အချိန်သုံးနာရီကြာ ခွဲထုတ်ခဲ့ရပါတယ်။ “ဒါက အလွန့်အလွန်ရှားပါးတဲ့ အကျိတ်အမျိုးအစားဖြစ်ပြီး ရင်ဘတ်ထဲမှာ နစ်ဝင်နေပါတယ်။ သူ့ဘဝတစ်လျှောက်လုံး ဖြည်းဖြည်းချင်း ကြီးထွားလာနေတဲ့ အကျိတ်ဖြစ်တာကြောင့် တစ်သျှူးတွေပျောက်ပြီး အကျိတ်ဖြစ်ပေါ်နေတာပါ။ အလေးချိန်အားဖြင့် ၆ ဒသမ ၆ပေါင်လေးပါတယ်”လို့ နှလုံးနှင့် ရင်ခေါင်းခွဲစိတ်ကုဆရာဝန် ဒေါက်တာမိုဟာမက်ဟန်နိဖ်က ဆိုပါတယ်။

ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး လူနာက အခုအခါမှာ အတော်လေးကျန်းမာနေပြီဖြစ်ကြောင်းနဲ့ မကြာခင်မှာ ပိုသက်သောင့်သက်သာရှိတဲ့ ဘဝမျိုးနဲ့ အသက်ရှင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top