Healthy Life Ad
Life Style

ညဘက်တွင် ထိရောက်သည့် အသားအရေနှင့် ဆံပင်ထိန်းသိမ်းနည်း ခုနစ်မျိုး

၊ ငွေကြယ်စင်ယံ ၊

တစ်နေ့တာအလုပ်လုပ်ခဲ့ရလို့ ပင်ပန်းနွမ်းနယ်လာချိန်မှာ ခန္ဓာကိုယ်ကို အပြည့်အဝအားဖြည့်ပေးနိုင်ဖို့ အိပ်ချိန်ရှစ်နာရီ လိုအပ်ပါတယ်။ အဲဒီလိုမအိပ်စက်ခင်မှာ အသားအရေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေရှိပါတယ်။

ရေချိုးခြင်း

ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာကြောင့် တစ်နေ့တာပင်ပန်းနွမ်းနယ်မှု ပြေပျောက်စေပါတယ်။ ဖြစ်နိုင်ရင် ရေအေးနဲ့ရေချိုးပါ။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို သန့်စင်စေပါတယ်။

ခရင်မ်လိမ်းခြင်း

ဘယ်သူမှ မျက်ကွင်းညိုညို၊ မျက်လုံးဖောင်းအစ်ပြီး အိပ်ရာကနေ မနိုးထချင်ကြပါဘူး။ ပင်ပန်းနွမ်းနယ်မှုကင်းပြီး လန်းဆန်းနုပျိုတဲ့ အလှတရားနဲ့ပဲ နိုးထချင်ကြပါတယ်။ အဲဒီလိုဖြစ်စေဖို့ မှောက်လျက်မအိပ်ပါနဲ့။ မျက်နှာကို အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ၊ မျက်လုံးကို အိုင်းခရင်မ်လိမ်းပါ။ ဖြစ်နိုင်ရင် ညင်ညင်သာသာ နှိပ်နယ်ပေးပါ။

ပိုးသားခေါင်းအုံးစွပ်ပါသော ခေါင်းအုံးပေါ် အိပ်စက်ခြင်း

ပိုးသားခေါင်းအုံးပေါ်မှာ အိပ်စက်တာကြောင့် အသားအရေတင်မက ဆံပင်တွေကိုပါ ကြမ်းတမ်းထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်နေ့ ခေါင်းလျှော်မယ်ဆိုရင် ညမအိပ်ခင် ဆံပင်တွေကို သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီ လိမ်းပေးပါ။

လက်သည်း၊ ခြေသည်း ပြုပြင်ထိန်းသိမ်းခြင်း

ညဘက်မှာ လက်သည်း၊ ခြေသည်းတွေကို သန့်ရှင်းတာ၊ လှီးဖြတ်တာနဲ့ ပုံဖော်တာတွေ လုပ်မယ်ဆိုရင် အရင်ဆုံး လက်လိမ်းခရင်မ် ဒါမှမဟုတ် ရေနံဂျယ်လီလိမ်းပေးပါ။ လက်သည်းတွေ နူးညံ့ပျော့ပျောင်း ကျန်းမာလာတဲ့အခါကျမှ လိုအပ်သလို ပုံသွင်းပြုပြင်ပါ။ ပြီးရင် သံလွင်ဆီထဲမှာ လက်သည်းကို ၂-၃ မိနစ်ခန့်စိမ်ပြီး အားဖြည့်ပေးပါ။

လိုးရှင်းလိမ်းခြင်း

လက်နဲ့ခြေထောက်စတဲ့ ခန္ဓာကိုယ်အရေပြားကို လိုးရှင်းလိမ်းပြီး နှိပ်နယ်ပေးပါ။ သွေးလှည့်ပတ်မှုကောင်းပြီး အသားအရေကျန်းမာလှပစေပါတယ်။

ဆံပင်အဖျားတွင် ဆီလိမ်းခြင်း

နောက်တစ်နေ့ ခေါင်းလျှော်ဖို့ အစီအစဉ်မရှိရင် ဆံပင်အဖျားနေရာတွေကို အုန်းဆီ၊ သံလွင်ဆီ စတဲ့ဆံပင်လိမ်းဆီ အနည်းငယ်ပွတ်သပ်လိမ်းပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top