Healthy Life Ad
Q & A

ညဘက်ထမင်းမစားဘဲ ကိုယ်အလေးချိန် ထိန်းလျှင်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

မေး။ ။ ကိုယ်အလေးချိန်ထိန်းတဲ့နေရာမှာ ညဘက် ထမင်းမစားဘဲနေတာက အထောက်အကူပြုရဲ့လား။
ဇာဇာဦး၊ ကမာရွတ်။

ဖြေ။ ။ ကိုယ်အလေးချိန် ထိန်းတဲ့အခါ ညဘက် ထမင်းမစားဘဲနေတာ ပိုပြီး အထောက်အကူပြုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ညဘက်မှာဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်နှုန်း (Metabolic Rate) က နှေးသွားပါတယ်။ ပြီးတော့ အစာအိမ်အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာတွေကလည်း လျော့ကျသွားပြီ ဖြစ်ပါတယ်။ အဲဒီအတွက် ညဘက် ထမင်းမစားဘဲ ဝိတ်လျှော့တာက ပိုပြီး ကောင်းပါတယ်။

ထမင်းမစားဘဲ မနေနိုင်ရင် စွပ်ပြုတ်ရည်သောက်တာ၊ အရွက်သုပ်စားတာ၊ အသီးစားတာ၊ သစ်သီးဖျော်ရည်သောက်တာ စတဲ့နည်းတွေနဲ့ ကိုယ်အလေးချိန် ထိန်းလို့ရပါတယ်။ လုံးဝထမင်းမစားဘဲ မနေနိုင်ဘူးဆိုရင် ထမင်းကို နှစ်ဇွန်းထက် ပိုပြီးမစားသင့်ပါဘူး။ ထမင်းနှစ်ဇွန်း၊ အသားတစ်တုံး၊ စွပ်ပြုတ်ရည် တစ်ခွက် . . အဲဒီလို စားပေးရင် ကိုယ်အလေးချိန် ထိန်းပေးနိုင်ပါတယ်။ ထမင်းကို နေ့လယ်လောက်တော့ မစားသင့်ပါဘူး။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top