Healthy Life Ad
International

ငှက်ပျောသီးထဲပါသော ပိုတက်စီယမ်ဓာတ်က နှလုံးအမောဖောက်ခြင်းနှင့် လေဖြတ်ခြင်းတို့ မဖြစ်စေရန် ကာကွယ်ပေးနိုင်

၊ မိုးမင်းထွန်း ၊

ငှက်ပျောသီးမှာပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်က သွေးကြောမာတာ၊ ကျဉ်းတာတို့မဖြစ်အောင် ပြုလုပ်ပေးတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အာလူး၊ ဂေါ်ဖီစိမ်း၊ ပဲပင်ပေါက်၊ စိမ်းစားဥ၊ အစေ့အဆန်တွေ၊ ငါးနဲ့ဥစားကြက်တွေမှာလည်း ကြွယ်ဝစွာပါဝင်တဲ့ ဒီသတ္တုဓာတ်ကြောင့် နှလုံးနဲ့ဦးနှောက်သို့ သွေးစီးဆင်းမှုကောင်းစေပြီး သွေးခဲတဲ့ အန္တရာယ်ကိုလျော့ကျစေကြောင်းတွေ့ ရှိခဲ့တာပါ။

အမေရိကန်ပြည်ထောင်စု၊ အလက်ဘားမား တက္ကသိုလ်မှ သုတေသီတွေက ပိုတက်စီယမ်နည်းတဲ့အစာနဲ့ များတဲ့အစာတွေကျွေးပြီးကြွက်တွေနဲ့ စမ်းသပ်ခဲ့ကြပါတယ်။ ပိုတက်စီယမ်များတဲ့အစာစားရတဲ့ ကြွက်တွေမှာ သွေးလည်ပတ်မှုပိုကောင်းတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ တစ်ရက်မှာ လူတစ်ယောက် ပိုတက်စီယမ်ပမာဏ ၃၅၀ဝ မီလီဂရမ်စားသင့်ပြီး ငှက်ပျောသီး၄လုံးစားတာက ဒီပမာဏထက်ဝက်ရရှိစေကြောင်း သိရပါတယ်။ ဒါပေမဲ့ အလွန်အကျွံစားပါက ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းလျှောတာတို့ဖြစ်ပွားတတ်တဲ့အပြင် အသက်ကြီးသူတွေရဲ့ကျောက်ကပ်ကသွေးထဲမှ ပိုတက်စီယမ်ဓာတ်ကို ဖယ်ရှားဖို့ပိုမိုခက်ခဲတတ်တာကြောင့် အန္တရာယ်ပိုများတတ်ပါတယ်။ ဒါပေမဲ့ သုတေသနရလဒ်အရ ပိုတက်စီယမ်ဓာတ် လုံလုံလောက်လောက် မရတဲ့အခါ သွေးကြောမာတာဖြစ်စေနိုင်တယ်လို့ သုတေသီတွေကဆိုပါတယ်။

(Ref;NAU)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top