Healthy Life Ad
International

ပေါင်မှ ၈၄ ပေါင်အလေးချိန်ရှိ အကျိတ်ကြီးကြောင့် နှစ် ၄၀ တိုင်လမ်းမလျှောက်နိုင်ဘဲ အိမ်တွင်းပုန်းနေထိုင်နေသူ

၊ မိုးမင်းထွန်း ၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အသက် ၅၃နှစ်အရွယ် ဟာရွန်းပက်ဝါရီဟာ ခန္ဓာကိုယ်တစ်ခုလုံး အကျိတ်သေးသေးလေးတွေပေါက်နေပြီး ပေါင်မှာရှိတဲ့အကျိတ်တစ်ခုက ဧရာမကြီးမားလာကာ အလေးချိန် ၈၄ ပေါင် နီးပါးရှိလာခဲ့ပါတယ်။ အပြင်ထွက်တိုင်း ကလေးတွေက ကြောက်လန့်ကြတာကြောင့် အိမ်အပြင်မထွက်ဘဲ နေခဲ့ရပါတယ်။ ကလေးနှစ်ယောက်ရှိတဲ့ ဟာရွန်းဟာ အလုပ်မလုပ်နိုင်တော့ပဲ ဇနီးသည်ရဲ့လုပ်စာအပေါ် မှီခိုနေရပါတယ်။

အသက် ၉ နှစ်အရွယ်မှာ ခန္ဓာကိုယ်တစ်ခုလုံး အကျိတ်သေးသေးလေးတွေ ပေါက်လာခဲ့ပြီး မိဘတွေက ရိုးရာတိုင်းရင်းဆေးတွေနဲ့ ကုသပေးခဲ့ကြပေမယ့် သက်သာခဲ့ခြင်းမရှိခဲ့ပါဘူး။ အသက် ၃၀ အရွယ်မှာ ပေါင်မှအကျိတ်ဟာ ကြီးလာခဲ့ပြီး မတ်တတ်ရပ်ဖို့တောင် အနိုင်နိုင်ဖြစ်ခဲ့ရပါတယ်။

လူမှုရေးတက်ကြွလှုပ်ရှားသူ မာမွန်ဘစ်စဝက်ဟာ ဟာရွန်းရဲ့ အဖြစ်အပျက်ကို ကြားသိခဲ့ပြီးနောက် ဆေးကုငွေရရှိဖို့ ကြိုးစား ပေးနေတယ်လို့သိရပါတယ်။ ကျန်းမာရေးဌာနနဲ့ ဆက်သွယ်နေသလို စေတနာရှင်တွေဆီမှ အလှူငွေရရှိအောင်လည်း ကြိုးစားပေးနေပါတယ်။ ဆေးကုသနိုင်ပြီး ကျန်းမာရေး ကောင်းမွန်စေချင်သလို သူ့ကိုယ်ပိုင်အလုပ်လေး လုပ်နိုင်အောင်လည်း ကူညီချင်ကြောင်း မာမွန်က ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top