Healthy Life Ad
Health Tips

တီဘီဆေး သောက်နေချိန် လိုက်နာသင့်သည့် အချက်များ

ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် )

တီဘီဆေးသောက်သုံးနေချိန်မှာ သာမန်လူတွေလို အလုပ်အကိုင်လုပ်လို့ရပါတယ်။ ဒါပေမဲ့ ချောင်းဆိုးနှာချေချိန်မှာ တစ်ရှူး ဒါမှမဟုတ် လက်ကိုင်ပဝါနဲ့ ပါးစပ်၊ နှာခေါင်းကို ဖုံးအုပ်ပေးရပါမယ်။ တီဘီဆေး မှီဝဲနေချိန်မှာ ဆေးအာနိသင် အပြည့်အဝရရှိပြီး ကျန်းမာလာစေဖို့ အောက်ပါတို့ကို လိုက်နာသင့်ပါတယ်။

၁။ ဆေးလိပ်၊ အရက်သောက်တာကို ရှောင်ပါ၊ ကွမ်းမစားပါနဲ့။

၂။ အာဟာရပြည့်ပြည့်ဝ၀ စားပေးသင့်ပါတယ်။ ရေများများ သောက်ပေးရပါမယ်။

၃။ အိပ်ရာထဲမှာ လှဲပြီး မှိုင်တွေမနေပါနဲ့။ လူနာဆိုတဲ့အတွေးကို တတ်နိုင်သမျှ မေ့ထားလိုက်ပါ။

၄။ လမ်းလျှောက်တာ၊ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တာတို့ လုပ်ပြီး တက်တက်ကြွကြွနေထိုင်ပါ။

၅။ နေပူချိန်မှာ ကိုယ်အသုံးပြုထားတဲ့ ခေါင်းအုံး၊ စောင်၊ ခြင်ထောင် စတဲ့ အသုံးအဆောင်ပစ္စည်းတွေကို နေပူလှမ်းပေးပါ။

၆။ သောက်ရေခွက်၊ ဇွန်းစတာတွေကို တခြားမိသားစုဝင်တွေနဲ့ သီးသန့်သုံး ပေးရင် ပိုကောင်းပါတယ်။

၇။ တီဘီလူနာနေတဲ့ ပတ်ဝန်းကျင်က အလင်းရောင် ကောင်းကောင်းရပြီး လေဝင်လေထွက် ကောင်းဖို့လိုအပ်ပါတယ်။

၈။ တီဘီလူနာအတွက် အရေးကြီးဆုံးအချက်က ဆေးကို မှန်မှန်ကန်ကန်မပျက်မကွက် သောက်သုံးပေးဖို့ပဲ ဖြစ်ပါတယ်။

[Unicode version ]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top