Healthy Life Ad
International

တီဘီရောဂါက ကမ္ဘာ့သေဆုံးမှုအမြင့်မားဆုံး ကူးစက်ရောဂါဖြစ်နေဆဲဟု WHO ထုတ်ပြန်

၊ ကိုထက် ၊

တီဘီရောဂါက ကမ္ဘာတစ်ဝန်းမှာ သေဆုံးမှု အမြင့်မားဆုံး ကူးစက်ရောဂါဖြစ်နေပြီး ၂၀ဝ၀ ပြည့်နှစ်ကတည်းက တီဘီကြောင့် သေဆုံးသူ ၅၄ သန်းခန့်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့တီဘီရောဂါ မှတ်တမ်းအရ တိုင်းပြည်အများစုဟာ ၂၀၃၀ပြည့်နှစ်မှာ တီဘီရောဂါကို အပြီးတိုင်အဆုံးသတ်ဖို့ လုံလောက်မှုမရှိသေးလို့ ပြောကြားထားတယ်လို့ သိရပါတယ်။

ခြုံပြောရရင် တီဘီရောဂါကြောင့် သေဆုံးမှုက ပြီးခဲ့တဲ့နှစ်အတွင်းမှာ လျော့ကျခဲ့တယ်လို့ သိရပြီး တစ်နှစ်လျှင် တီဘီရောဂါလူနာအသစ်ဦးရေက ၂ ရာခိုင်နှုန်းခန့် လျော့ကျနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့လည်း တီဘီရောဂါကို ရောဂါရှာဖွေ မတွေ့ရှိဘဲ ပုန်းလျှိုးကွယ်လျှိုးရှိနေနိုင်တဲ့ အခြေအနေတွေက အဓိက စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေပြန်ပါတယ်။ တီဘီရောဂါကုသမှုကလည်း ၆၄ ရာခိုင်နှုန်းခန့် လွှမ်းခြုံမှုရှိနေပြီး ၂၀၂၅ ခုနှစ်မှာ ကုသမှုက အနည်းဆုံး ၉၀ ရာခိုင်နှုန်းခန့် လွှမ်းခြုံနိုင်ရမယ်လို့ ရည်မှန်းထားပါတယ်။

တီဘီရောဂါ စစ်ဆေးခြင်း၊ ရောဂါဖော်ထုတ်တွေ့ရှိခြင်း၊ ကုသခြင်း စတဲ့ ကာကွယ်ကုသနည်းလမ်းများ တိုးတက်မြင့်မားလာဖို့ အရေးကြီးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထုတ်ပြန်ထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top