Healthy Life Ad
Q & A

တီဘီဆေးသောက်ပြီး အားမရှိဖြစ်နေတယ် . . .

မေး. တီဘီဆေးသောက်ပြီးတာ ၂ နှစ်လောက်ရှိပေမယ့် သောက်ပြီးခါစက မပိန်ဘူး။ တစ်နှစ်လောက်အကြာမှာ လူက ပိန်လာပါတယ်။ အားလည်း သိပ်မရှိဘူး။ အအေးဒဏ်မခံနိုင်ဘူး။ နှာချေပြီး ကျပ်ကျပ်နေတယ်။ အသက်က ၅၄နှစ်လောက်ပါရှင့်။
Khin Sandar Aung (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. တီဘီဆေးကို အတိအကျ သတ်မှတ်တဲ့အတိုင်း သောက်ဖို့လိုသလို ရောဂါအတိုးအလျော့ သိဖို့အတွက် ပြန်စစ်ဆေးရပါတယ်။ မသက်သာခဲ့ရင်၊ တစ်ခုခုထူးခြားတယ်ထင်ရင် ကျန်းမာရေးဌာနမှာ ပြန်ပြပါ။ ဆေးယဉ်ပါးတီဘီတွေ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top