Healthy Life Ad
Health Tips

သင်အင်တာနက်စွဲလမ်းနေကြောင်း ပြသနေသည့် သတိပေးလက္ခဏာရပ်များ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သင်ဟာအွန်လိုင်းမှာ အချိန်များများပေးလေ့ရှိသလား။ သင့်အဖြေက “ဟုတ်ပါတယ်။ အချိန်တွေအများကြီး ပေးနေမိတယ်”လို့ ဖြစ်ခဲ့ရင်တောင် ဒါက သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ လူအများစုဟာ စူးစမ်းလေ့လာတာ၊ အလုပ်လုပ်တာ၊ အပေါင်းအသင်းတွေနဲ့တွေ့ဆုံတာ၊ သတင်းအချက်အလက်တွေဖတ်ရှုတာ စတဲ့ အကြောင်းအချက်တွေအပြင် အကြောင်းရင်းမရှိဘဲ အင်တာနက်ကို သုံးနေတတ်ကြပါတယ်။

အင်တာနက်စွဲလမ်းမှုဆိုသည်မှာ

အင်တာနက်စွဲလမ်းမှုဟာ ဂိမ်းစွဲတာနဲ့ မူးယစ်ဆေးဝါးစွဲတာလိုပဲ မထိန်းချုပ်နိုင်တဲ့ စွဲလမ်းမှုသဘောမျိုးပါပဲ။ အင်တာနက်ကို အလွန်အမင်းသုံးတာက စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခုရဲ့လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ အင်တာနက်ကို အလွန်အမင်းသုံးစွဲတာကြောင့် စိတ်ဓာတ်ကျတာ၊ ပူပင်သောကများတာ၊ အာရုံစူးစိုက်မှုတက်ကြွတာစတဲ့ အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။

အင်တာနက်စွဲလမ်းနေကြောင်းပြသသည့် သတိပေးလက္ခဏာ ၉ မျိုး

(၁) အွန်လိုင်းမှာ အချိန်ဖြုန်းနေတာကြောင့် တာဝန်ယူထားရတဲ့အလုပ်တွေကို လျစ်လျူရှုလိုက်တာ၊

(၂) အလုပ်ထဲမှာ စွမ်းဆောင်ရည်တွေကျဆင်းလာတာ၊ အတန်းထဲမှာအဆင့်ကျလာတာ၊

(၃) အွန်လိုင်းမှာရှိလွန်းလို့ အပြင်မှာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန်နည်းလာတာ၊ မိသားစုနဲ့စကားမပြောဖြစ်တာ၊

(၄) အင်တာနက်သုံးနေရရင် လောကကြီးက ပြည့်စုံပြီလို့ထင်တာ၊

(၅) အင်တာနက်မသုံးရင်တောင် အင်တာနက်အကြောင်းပဲ တစ်ချိန်လုံးတွေးတောနေတာ၊

(၆) စိတ်ညစ်တာပြေပျောက်ဖို့နဲ့ ပြဿနာတွေလွတ်မြောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အင်တာနက်သုံးတာ၊

(၇) အင်တာနက်ကို ညဉ့်နက်တဲ့အထိသုံးတာကြောင့် အိပ်ရေးပျက်တာ၊

(၈) အင်တာနက်သုံးချိန်ကို လျှော့ရမယ်ဆိုတာသိပေမယ့် မကြိုးစားနိုင်တာ၊

(၉) အင်တာနက်မသုံးဘဲ နေရတဲ့အခါ စိတ်လက်မကြည်မသာဖြစ်တာတို့ပဲ ဖြစ်ကြပါတယ်။

အင်တာနက်သုံးတာကြောင့် နေ့စဉ်ဘဝမှာ ပြင်းထန်ဆိုးရွားတဲ့ ပြဿနာတွေဖြစ်နေရင် စိတ်ပိုင်းဆိုင်ရာ အကြံပေးသူနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top