Healthy Life Ad
International

မိုဘိုင်းဖုန်းနှင့် ရှည်ကြာစွာဂိမ်းကစားပြီးနောက် မျက်လုံးတစ်ဖက်ကန်းသွားသည့် တရုတ်အမျိုးသမီး

၊ မိုးမင်းထွန်း ၊

နာမည်ကြီး Honour of King ဂိမ်းကို မိုဘိုင်းဖုန်းနဲ့ တစ်ရက်လုံးမရပ်မနားကစားပြီးနောက် အသက် ၂၁ နှစ်အရွယ် တရုတ်အမျိုးသမီးငယ်တစ်ယောက်ရဲ့ မျက်လုံးတစ်ဖက်ကန်းသွားခဲ့ပါတယ်။

ဂိမ်းစွဲနေတဲ့အမျိုးသမီးဟာ အလုပ်ပြီးချိန်တိုင်း နဲ့ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တိုင်း ဂိမ်းဆက်တိုက် ကစားလေ့ရှိပါတယ်။ အားလပ်ရက်တွေမှာ မနက် ၆ နာရီထ မနက်စာစားပြီး ညနေ ၄နာရီအထိ ဂိမ်းကစားတယ်လို့ အဆိုပါအမျိုးသမီးက ဆိုပါတယ်။ ဆိုဖာပေါ်ကမထဘဲ တစ်ထိုင်တည်း ၇ နာရီ၊ ၈နာရီဆက်တိုက် ဂိမ်းကစားလေ့ရှိကြောင်း သိရပါတယ်။

အမျိုးသမီးရဲ့ညာဖက်မျက်လုံးမှာ အသက်ကြီးသူတွေမှာသာ တွေ့ရတတ်တဲ့ မျက်ကြည်လွှာ သွေးကြောပိတ်တာကိုတွေ့ခဲ့ရပြီး ပြင်းထန်တဲ့မျက်စိထိခိုက်မှုကြောင့် အဖြစ်များကြောင်း ဆရာဝန်တွေက ပြောပြခဲ့ပါတယ်။

တရုတ်အင်တာနက်ကုမ္ပဏီတစ်ခုက ပြုလုပ်တဲ့ Honour of King ဂိမ်းဟာ ရှေးခေတ်တိုက်ပွဲဂိမ်းတစ်မျိုးဖြစ်ပြီး တရုတ်ပြည်မကြီးတစ်ခုတည်းမှာပဲ ကစားသူ လူသန်း ၂၀ဝ ကျော်ရှိနေပါတယ်။ အလွန်စွဲလန်းစေတာကြောင့် အစိုးရသတင်းစာတွေကတောင် ဒီဂိမ်းဟာ အဆိပ်နဲ့တူတယ်လို့တောင် သတိပေးထားရပါတယ်။ အွန်လိုင်းဂိမ်းကစားသူတွေအနေနဲ့ မျက်စိအလွန်အကျွံ ဒဏ်ပိတာမဖြစ်အောင် မိနစ် ၃၀ ကြာပြီးတိုင်း မျက်လုံးကို အနားပေးသင့်ကြောင်း ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။

(Ref;SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top