Healthy Life Ad
International

ဖေ့စ်ဘွတ်ခ်သုံးစွဲသူ လူလေးမျိုးလေးစားရှိကြောင်း လေ့လာမှုအသစ်ကဆို

၊ ကိုမိုး ၊

လူတွေဟာ ဖေ့စ်ဘွတ်ခ်ကို ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သုံးစွဲကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဘရစ်ဂန်ယန်းတက္ကသိုလ်ရဲ့လေ့လာမှုအသစ်အရ သုံးစွဲသူတွေကို အမျိုးအစားလေးမျိုး ခွဲခြားနိုင်တယ်လို့ ဆိုပါတယ်။ သုတေသီတွေက ဖေစ့်ဘွတ်ခ်သုံးစွဲသူတွေကို လက်တွေ့မေးခွန်းတွေ မေးမြန်းခဲ့ကာ ရရှိတဲ့ရလဒ်တွေအပေါ်မူတည်ကာ အမျိုးအစားခွဲခြားနိုင်ခဲ့တာပါ။

ပထမတစ်မျိုးက လူမှုဆက်ဆံရေးတည်ဆောက်ချင်သူ (The Relationship Builder) တွေဖြစ်ပါတယ်။ သူတို့က ဖေ့စ်ဘွတ်ခ်ကို တကယ့်ဘဝလို သဘောထားသူတွေဖြစ်ပြီး မိသားစုဝင်တွေ၊ ပြင်ပဘဝ တကယ့်မိတ်ဆွေတွေနဲ့ ဖွဲ့စညး်ထားကြပါတယ်။ ဘဝဇာတေ်ကြာင်းတွေ တင်လေ့ရှိပြီး တခြားသူတွေရဲ့ ပို့စ်တွေကိုတုံ့ပြန်မှုပေးတတ်ကာ မိတ်ဆွေအချင်းချင်း မက်ဆေ့ချ်အပြန်အလှန်ပို့လေ့ရှိသူတြွေဖစ်ကြပါတယ်။ ဖေစ့်ဘွတ်ခ်ကြောင့် မိသားစုဝင်အချင်းချင်း၊ မိတ်ဆွေအချင်းချင်း ပိုမိုချစ်ခင်ရင်းနှီးစေတယ်လို့ သဘောထားကြသူတွေပါ။

ဒုတိယအမျိုးအစားက သတင်းကြေညာသူ (The Town Crier)တွေဖြစ်ကြပါတယ်။ သူတို့က သတငး်အသစ်အဆနး်တွေ ၊ ဘယ်နေရာမှာ ဘယ်ပွဲရှိတယ် ဆိုတဲ့အကြောင်းတွေ ဝေမျှကြသူတြွေုဖစ်ကာ ကိုယ့်အကြောင်း သိပ်တင်လေ့မရှိသူတွေပါ။ ဖေ့စ်ဘွတ်ခ်ကို လူမှုဆက်ဆံရေး အတွက်မဟုတ်ဘဲ သတင်းအချက်အလက် ရရှိဝေမျှရာနေရာလို့ သဘောထားသူတွေပါ ။ ဖေ့စ်ဘွတ်ခ် မရှိခဲ့ရင်လည်း မိတ်ဆွေအပေါင်းအသင်း တွေကို သတင်းအသစ်အဆန်း ဝေမျှမယ့်လူမျိုးတွေပါ။

တတိယတစ်မျိုးက ကိုယ့်ပုံကိုယ်ရိုက်တင်သူများ (Selfies) ဖြစ်ကြပါတယ်။ သူတို့က ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ၊ ကိုယ့်အကြောင်းတွေကို တင်လေ့ရှိကာ ကိုယ့်ကိုယ်ကိုယ် ကြော်ငြာတတ်သူမျိုးတွေပါ။ လူမှုဆက်ဆံရေး တည်ဆောက်ချင်သူအမျိုးအစားလို မိတ်ဆွေတွေနဲ့ အဆက်အသွယ်ရဖို့ထက် လိုက်ခ် (Like)နဲ့ ကွန်းမန့် (Comment) များများလိုချင်သူတွေဖြစ်ပါတယ်။ဖေ့စ်ဘွတ်ခ်ကို စိတ်ကူးယဉ်ကမ္ဘာတခုလို သဘောထားသူတွေဖြစ်ပီး လိုက်ခ်ပိုရလေ လူတွေက ပိုမိုခင်မင်နစ်သက်တယ်လို့ သဘောထားသူတွေပါ ။

နောက်ဆုံးအမျိုးအစားက ပြတင်းပေါက်မှငေးကြည့်သူတွေ (Window Shoppers) ဖြစ်ကြပါတယ် ။ သူတို့က လူတွေရဲ့ ပရိုဖိုင်တွေဝင်ကြည့်ကာ အချစ်ရေးအကြောင်း စူးစမ်းတာ၊ ပုံဟောင်းတွေ လိုက်ကြည့်ကာ တခြားသူတွေဘဝအကြောင်း စနည်းနာတာတို့ကို ပြုလုပ်လေ့ရှိသူတွေ ဖြစ်ကြပါတယ်။ ကိုယ့်ရဲ့ပုဂ္ဂလိကခံစားချက်ပို့စ်တွေ တင်လေ့ရှိသူတွေမဟုတ်ဘဲ တခြားသူတွေဘာလုပ်နေလဲသိဖို့ ဖေ့စ်ဘွတ်ခ်သုံးစွဲလေ့ရှိသူ တွေဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top