Healthy Life Ad
Health Tips

သင့်အခန်းမှာစွဲနေသော စီးကရက်အနံ့ ပျယ်လွင့်သွားအောင်

၊ ငွေကြယ်စင်ယံ ၊

(၁) ဆော်ဒါမှုန့်
သင့်အခန်းထဲက ပရိဘောဂပစ္စည်းတွေပေါ်မှာ စွဲကျန်နေတဲ့ စီးကရက်မီးခိုးနံ့တွေ စွဲကျန်နေရင် အဲဒီအနံ့တွေ လွင့်သွားစေဖို့ ဆော်ဒါမှုန့်တချို့ကို အဲဒီထိုင်ခုံတွေပေးမှာ ပက်ဖျန်းပေးလိုက်ပါ။ နာရီအနည်းငယ်ကြာမှ အဲဒီပရိဘောဂပစ္စည်းတွေကို ဖုန်သုတ်သန့်ရှင်းပေးပါ။

(၂) ရှလကာရည်
အခန်းထဲမှာ စီးကရက်မီးခိုးနံ့က စွဲနေရင် အဲဒီအနံ့တွေကင်းဝေးသွားအောင် ရှလကာရည်အနည်းငယ်ကို ခွက်အလွတ်တစ်ခုထဲထည့်ပြီး အခန်းထဲက အနံ့အပြင်းဆုံးနေရာမှာ ထားပေးလိုက်ပါ။ တကယ်လို့ အခန်းနေရာအနှံ့မှာ အနံ့ဆိုးတွေ စွဲနေရင် ရှလကာရည်ခွက်အများကြီးကို နေရာအနှံ့ထား ပေးလို့လည်းရပါတယ်။ ဒါဆိုရင် ရှလကာရည်ဟာ စီးကရက်နံ့တွေကို ဖြည်းဖြည်းချင်း စုပ်ယူသွားပါလိမ့်မယ်။ တကယ်လို့ အခန်းထဲက စီးကရက်နံ့ကို ချက်ချင်းကင်းစင်ချင်ရင်တော့ အဝတ်စိုတစ်ခုမှာ ရှလကာရည်စွတ်ကာ ပွတ်တိုက်ပေးပါ။

သင့်အဝတ်အစားတွေမှာ စီးကရက်နံ့စွဲနေရင်တော့ အဝတ်မလျှော်ဘဲ အနံ့ဆိုးကင်းအောင် လုပ်နိုင်တဲ့နည်းရှိပါတယ်။ ရေပူတစ်ခွက်ထဲမှာ ရှလကာရည် အနည်းငယ်ထည့်ပြီး အဲဒီအငွေ့ထွက်နေတဲ့ ခွက်အပေါ်နားမှာ အဝတ်ကို ချိတ်နဲ့လှန်းကာထား ရှိပေးပါ။ နာရီအတော်ကြာတဲ့အခါမှာ အဝတ်အစားပေါ်က အနံ့ဆိုးတွေ ကင်းသွားတာတွေ့ရမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top