Healthy Life Ad
Health Tips

နေ့စဉ် အူလှုပ်ရှားမှု ကောင်းပြီး ဝမ်းမှန်မှန်သွားစေမည့် နည်းလမ်းလေးရပ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

လူတိုင်း ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို ဝမ်းချုပ်တာနဲ့ အူလှုပ်ရှားမှုမကောင်းတာတို့ကို ခံစားရတတ်ပါတယ်။ အူလှုပ်ရှားမှု မကောင်းဘဲ ဝမ်းချုပ်တဲ့အခါ မာကျောတဲ့ ဝမ်းတွေသွားတာကြောင့် နာကျင်တဲ့ ဝေဒနာခံစားရတတ်ပါတယ်။ အူလှုပ်ရှားမှုကောင်းပြီး ဝမ်းမှန်မှန်သွားစေဖို့ အောက်ပါနည်း လမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) သံပုရာရည်/ ရှောက်ရည် သောက်ပါ
သံပုရာရည်/ရှောက်ရည်ဟာ ဝမ်းမှန်မှန်သွားစေဖို့ သောက်သင့်တဲ့အရည်ပါ။ ကြက်သီးနွေးရေ တစ်ဖန်ခွက်ထဲမှာ သံပုရာရည်/ရှောက်ရည် ညှစ်ထည့်ပြီး ဆားအနည်းငယ်ထည့်ကာ သောက်ပေးရင် အူသန့်စင်တဲ့ အစွမ်းရှိ စေပြီး ဝမ်း(မစင်)ကို ရှောရှောရှူရှူထွက်ရှိစေပါတယ်။

(၂) ရေများများ သောက်ပါ
ရေသောက်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်အားလုံး ကင်းစင်စေပြီး သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ ဝမ်းမှန်မှန်သွားဖို့ အတွက် တစ်နေ့မှာ အနည်းဆုံး ရေရှစ်ဖန်ခွက် သောက်ပေးဖို့လိုပါတယ်။

(၃) ဝမ်းသွားချင်စိတ်ကို ဘယ်တော့မှ လျစ်လျူမရှူပါနှင့်
ဝမ်းသွားချင်စိတ်ပေါ်တဲ့အခါ အလုပ်များလို့ ခဏအောင့်ထားတာမျိုး မလုပ်ပါနဲ့။ ဝမ်းသွားချင်ရင် အမြန်ဆုံး အိမ်သာသွားလိုက်ပါ။

(၄) အမျှင်ဓာတ်များများ စားပါ
အမျှင်ဓာတ်များများပါတဲ့ အစာကို စားတာကြောင့် ဝမ်းသွားစေပါတယ်။ ပဲအမျိုးမျိုး၊ ဆီးသီး၊ သဖန်းသီးစတဲ့ အမျှင်ဓာတ် များများပါတဲ့ အစာတွေကို စားတာကြောင့် လေပွတာနဲ့ အစာမကြေတာတို့ကို လျော့ပါးသက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top