Healthy Life Ad
Q & A

သားဥပြွန်မှာ ရေအိတ်တည်ရင် ဘယ်လို ကုရမလဲ

မေး။ ။ သားဥပြွန်ထဲမှာရေအိတ် 4cm နဲ့ 3cm ၂ လုံး ရှိနေပါတယ်။ အိမ်ထောင်ကျတာ ၇ လရှိပါပြီ။ တားဆေးဘာမှမသုံးပါ။ ကလေးလည်း မရပါဘူး။ အူအတက်ရောင်လို့ ဆေးခန်းပြရာက ရေအိတ်ရှိမှန်းသိတာပါ။ ဘယ်လိုကုသမှုမျိုးပြုလုပ်ရမလဲ အကြံလေး ပေးပေးပါရှင်။
Mai Easter (FB)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ သားဥအိမ်မှာ ရေအိတ်ဖြစ်ရင် သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆရာဝန် တွေက လူနာကို သေချာစမ်းသပ်ရပါတယ်။ ရိုးရိုးရေ အိတ်လား၊ ကင်ဆာလား . . သေချာ စမ်းသပ်ရသလို အာထရာဆောင်းရိုက်ပြီး အရွယ်ဘယ်လောက်ရှိသလဲ၊ အထဲမှာ အတုံးအခဲတွေပါသလား၊ အထဲမှာ အကန့် အကန့်တွေရှိသလား . . ဒါမှမဟုတ် ရိုးရိုး အရည်အိတ်တစ်အိတ်တည်းလားစသဖြင့် ကြည့်ရပါတယ်။ သာမန် အရည်ကြည်အိတ်လေး ဖြစ်ပြီး ဘာမှ အန္တရာယ်မရှိတဲ့ သားဥရေအိတ်ဆိုရင် ဘာမှလုပ်စရာမလိုပါဘူး။

သူ့အလိုလို ပျောက်သွားမှာပါ။ ဒါပေမဲ့ အဲဒီလို သာမန်ရေအိတ် ဟုတ်၊ မဟုတ်ဆို တာကိုတော့ ရိုးရိုးလူတွေက မသိနိုင်ဘူး၊ ဆရာဝန် တွေက စမ်းသပ်စစ်ဆေးပြီးမှ ခွဲခြားသိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါတလေ အာထရာဆောင်း ရိုက်ပြီး တွေ့တာဆိုရင် ကိုယ့်ဘာသာကိုယ်သိပ်ပြီး လည်းမကြောက်ပါနဲ့။ သိပ်ပြီး ပေါ့တီးပေါ့ဆလည်း မနေပါနဲ့။ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးကုသဖို့အ တွက် ဆွေးနွေးဖို့လိုပါတယ်။ တချို့လူနာတွေကျတော့ ဆေးကုသဖို့လိုပေမယ့် တချို့ကျတော့ ဆေးကုသစရာမလိုဘဲ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top