Healthy Life Ad
Health Tips

မျိုးအောင်နိုင်စွမ်း ကောင်းမွန်စေရန် ဆောင်ရန်၊ ရှောင်ရန်များ

သားသမီး လိုချင်နေကြတဲ့ ဇနီးမောင်နှံတွေအတွက် ကလေးရဖို့ ပံ့ပိုးပေးနိုင်တဲ့ ရိုးစင်းတဲ့ ဘဝနေထိုင်စားသောက်မှုဆိုင်ရာ နည်းလမ်းတွေရှိပါတယ်။

ဆောင်ရန်များ

– ပဲအမျိုးမျိုး၊ အခွံမာတဲ့ အစေ့အဆန်စတဲ့ အပင်ထွက် ပရိုတင်းများများစားပါ။

– အဆီနည်း နွားနို့ ဒါမှမဟုတ် ဒိန်ချဉ်တို့လို နို့နဲ့ နို့ထွက်ပစ္စည်းကို နေ့စဉ်နေ့တိုင်းမှီဝဲပါ။

– နေ့စဉ် လေ့ကျင့်ခန်းလုပ်ဆောင်ပေးပါ။

– အိပ်ရေးဝ၀ အိပ်စက်ပါ။

– စိတ်ဖိစီးမှုလျော့ကျစေဖို့ တရားထိုင်တာ၊ သီချင်းနားထောင်တာ၊ ယောဂကျင့်တာတို့ကို လုပ်ဆောင်ပါ။

ရှောင်ရန်များ

– တိရစ္ဆာန်ထွက် ပရိုတင်းကို တတ်နိုင်သမျှ လျှော့စားပါ။

– အဆီအအိမ့်စာတွေကို တတ်နိုင်သမျှ ရှောင်ပါ။

– ထရန်စ်ဖက်စ်ပါတဲ့အစာ (အဆင်သင့်အစာ)တွေမှာ သွေးလွှတ်ကြောကို ပိတ်ဆို့စေတဲ့ အဆီတွေပါတဲ့အတွက် ရှောင်ကြဉ်ပါ။

– စိတ်ဖိစီးမှုနဲ့ ပူပင်သောကများစေတဲ့ အပြုအမူတွေကိုရှောင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top