Healthy Life Ad
Q & A

မျိုးဥကြွေမယ့်နေ့လေး သိချင်လို့ပါ . . .

မေး ။ ရာသီလာတာက ၇ ရက်နေ့ပါ။ ၁၀ရက်နေ့ ပြီးပါတယ်။ လတိုင်း အဲဒီလိုတော့မဟုတ်ပါဘူး။ စက် တင်ဘာလ ၁၁ရက်နေ့မှာ ရာသီလာပြီး ၁၃ရက်နေ့ မှာပြီးပါတယ်။ အခု အောက်တိုဘာလကျတော့ ၇ရက် နေ့မှာ ရာသီလာပြီး ၁၀ ရက်နေ့မှာ ရာသီလာတာပြီးပါတယ်။ ဘယ်နေ့ သားဥကြွေမှာလဲ သိချင်လို့ပါ။
Apu Apu (Fb)

ဒေါက်တာမြတ်ထွဋ်ညွှန့် မှ ပြန်လည်ဖြေကြားပေးသည် ။

ဖြေ ။ အမျိုးသမီးတွေမှာ ၂၈ ရက်ကနေ ရက်၃၀ အတွင်းရာသီလာပါတယ်။ ရာသီစလာတဲ့ရက်ကို ပထမ ရက်အနေနဲ့ စတွက်ရပါတယ်။ ၇ ရက်နေ့ကစတွက်ရင် ၁၄ ရက်မြောက်နေ့ဖြစ်တဲ့ ၂၁ရက်နေ့လောက်မှာ သားဥကြွေနိုင်ပါတယ်။ သားဥမကြွေမီ ၃ရက်နဲ့ ကြွေပြီး၃ ရက်အတွင်း ကလေးရနိုင်ခြေများပါတယ်။ သားဥကြွေတာကို သိနိုင်တဲ့ ovulation test နဲ့ စမ်းကြည့်ရင် ပိုမိုတိကျစွာသိနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top