Healthy Life Ad
Health Tips

ကျန်းမာရေးအတွက် သဘာဝဆေးတစ်လက် ချင်း(ဂျင်း)

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ချင်း(ဂျင်း)ဆိုတာ အသုံးများတဲ့ မီးဖိုချောင် သုံးပစ္စည်းတစ်မျိုးပါ။ သူရဲ့ထူးကဲတဲ့ အနံ့အရသာကို ကမ္ဘာတစ်ဝန်းက လူတွေနှစ်ခြိုက်စွာ စားသုံးကြပါတယ်။

– ခေါင်းကိုက်ခြင်း

ခေါင်းကိုက်နေရင် ချင်း(ဂျင်း) အနည်းငယ် စားပေးတာ၊ ချင်းထည့်ဖျော်ထားတဲ့ ရေနွေးကြမ်း သောက်သုံးတာတို့ လုပ်ဆောင်ပေးပါ။ ချင်းက သွေးကြောရောင်ရမ်းမှု လျော့ကျစေတာကြောင့် ခေါင်းကိုက်ဝေဒနာ သက်သာစေပါတယ်။

– ပိုးမွှား တွန်းလှန်နိုင်ခြင်း

ချင်းမှာ ဗီတာမင်အေ၊ စီ၊ အီးနဲ့ ဘီအုပ်စုအပြင် မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဇင့်(သွပ်)ဓာတ်၊ ကယ်လ်ဆီယမ်နဲ့ ဘီတာကယ်ရို တင်းပါဝင်တဲ့အပြင် ပိုးမွှားတွေကို တွန်းလှန်ပေးနိုင်စွမ်းရှိပါတယ်။

– ပျို့ချင်အန်ချင်ဖြစ်ခြင်း

ချင်းဟာ အစာကြေစေတဲ့ အစွမ်းရှိတဲ့အတွက် ပျို့ချင်အန်ချင်ဖြစ်ပြီး မအီမသာဝေဒနာ ခံစားနေရတဲ့အခါ ချင်းစားပေးရင် သက်သာစေပါတယ်။

– ရာသီအကြိုဝေဒနာ

ချင်းကိုပါးပါးလှီးပြီး ရေနွေးထဲစိမ်ကာ သံပရာရည်အနည်းငယ်၊ ပျားရည် လက်ဖက်စားဇွန်းတစ်ဇွန်း ထည့်သောက်ပေးတာကြောင့် ရာသီအကြိုဝေဒနာကို သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top