Healthy Life Ad
Health Tips

သက်သတ်လွတ်စားသူတို့ အာဟာရဓာတ်ပြည့်ဝအောင်

———၊ ငွေကြယ်စင်ယံ ၊———

အသား၊ ငါးတွေ မစားတဲ့ သက်သတ်လွတ်စားသူတွေအတွက် ရည်ရွယ်ပေမယ့် လူတိုင်းလိုက်နာနိုင်တဲ့ နည်းလမ်းပါ။ အောက်ပါနည်းလမ်းတွေအတိုင်း လိုက်နာစားသောက်မယ်ဆိုရင် အာဟာရပြည့်ဝပြီး စွမ်းအင်ရှိနေပါလိမ့်မယ်။

• ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်နဲ့ မုန်ညင်းစိမ်း စတဲ့ အစိမ်းရင့်ရောင်အရွက်တွေကို တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်လောက် စားပေးပါ။ ဒီအစားအစာတွေထဲမှာ ကယ်လ်စီယမ်နဲ့ သံဓာတ်တွေလို ဗီတာမင်ဓာတ်တွေ အပြည့်အဝပါဝင်နေတာကြောင့် စားပေးသင့်တာဖြစ်ပါတယ်။ တကယ်လို့ အစိမ်းရောင်ဟင်းသီးဟင်းရွက်ကို မစားချင်ရင် သစ်သီးတွေကို ဖျော်ရည်လုပ်ပြီး သောက်ပေးသင့်ပါတယ်။

• အထူးသဖြင့် သင့်အနေနဲ့ တာရှည်သက်သတ်လွတ်စားသူဖြစ်နေရင် ဗီတာမင် B12 ပါဝင်တဲ့ ဖြည့်စွက်ဆေးကို ပုံမှန်မှီဝဲပေးသင့်ပါတယ်။

• ရေများများ သောက်ပေးသင့်ပါတယ်။ လူအများစုက ရေကို အလုံအလောက်မသောက်ဖြစ်ကြပါဘူး။ အိမ်ကနေ အပြင်ကို သွားတဲ့အခါတိုင်း ရေဘူးကို ယူသွားသင့်ပါတယ်။ ရေသောက်ပေးတာက သင်ရဲ ့အစားအသောက်စားတဲ့နည်းလမ်းကို ပုံမှန်ဖြစ်နေအောင် ထိန်းသိမ်းပေးတဲ့ နည်းလမ်းဖြစ်သလို ခန္ဓာကိုယ်ကိုလည်း ရေဓာတ်ပြည့်ဝနေစေပါတယ်။

• သရေစာစားချိန်တိုင်းမှာ သစ်သီးစိတ်တွေနဲ့ အစိမ်းလိုက်စားလို့ရတဲ့ သခွားသီးလို ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။ နံနက်ခင်းမှာ ပန်းသီးတစ်လုံးကို ပုံမှန်စားပေးသင့်ပါတယ်။

• ကော်ဖီ၊ လက်ဖက်ရည်တွေသောက်တဲ့အခါ သကြားကိုထည့်မသောက်ပါနဲ့။ သကြား၊ အထူးသဖြင့် အဖြူရောင်သကြားကြောင့် ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါတယ်။

• ညနေစာစားတဲ့အခါ ဟင်းသီးဟင်းရွက်သုပ်တစ်ပွဲကို ပါဝင်အောင်ထည့်စားပါ။ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေကို အလုံအလောက် စားဖြစ်စေဖို့ ဝယ်ပြီး ရေခဲသေတ္တာထဲကို အပြည့်ထည့်ထားပါ။

• သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို အရောင်စုံအောင် စားသောက်ပေးပါက သင့်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေပါတယ်။

• ပဲအမျိုးမျိုးကို ဟင်းချိုအဖြစ် နေ့စဉ်သောက်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top