Healthy Life Ad
Q & A

လက်ဆစ်ချိုးရင် . . .

strong>မေး။ ။ သမီး လက်ဆစ်တွေညောင်းလို့ ခဏခဏ ချိုးမိပါတယ်။ လက်ဆစ်ချိုးရင် ဘာဖြစ်တတ်ပါသလဲ။
သိမ့်သိမ့် (FB)

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ လက်ဆစ်တွေကို အသံမြည်အောင် ချိုးတာက ဘာမှ မဖြစ်တတ်ပါဘူး။ အဆစ်တွေကို ချိုးလိုက်ရင် အသံမြည်တာက ပုံမှန်ပါပဲ။ လေ့ကျင့်ခန်းလုပ်တဲ့ အခါတွေမှာ ခါးကို ချိုးရင်လည်း အညောင်းပြေ၊ အညာပြေဖြစ်သွားပါတယ်။ တော်ရုံတန်ရုံလုပ်ရင် ဘာမှမဖြစ်ပါဘူး။ ဒါက လေ့ကျင့်ခန်းလုပ်ရင်း အသံ လေးဘာလေးမြည်ပြီး အညောင်းပြေ အညာပြေဖြစ် သွားပါတယ်။ ပုံမှန်ပါပဲ။ အလွန်အကျွံ အဆစ်ချိုးတာ မျိုးတော့ မလုပ်သင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top