Healthy Life Ad
Life Style

နှလုံးသွေးကြောကျဉ်းရောဂါ

ဒေါက်တာကျော်စွာဦး (တာဝန်ခံဆရာဝန်၊ ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း)

မေး။ ။ နှလုံးသွေးကြောကျဉ်းရောဂါ ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။
ဖြေ။ ။ နှလုံးသွေးကြောကျဉ်းရောဂါက ကိုယ်ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ဆက်စပ်သလို မျိုးရိုးလိုက်တာနဲ့လည်းဆက်နွှယ်မှုရှိပါတယ်။ အခုအခါမှာ လူကြီးတွေသာမကဘဲ လူငယ်၊ လူလတ်ပိုင်းတွေမှာတောင် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်လာတာကို တွေ့ရပါတယ်။ ဘာကြောင့် ဖြစ်ရသလဲဆိုတော့ အထူးသဖြင့် လူငယ်လူလတ်ပိုင်းတွေက ဆေးလိပ်သောက်နှုန်းမြင့်မားလာတာကိုတွေ့ရသလို အရက် သောက်နှုန်း မြင့်တက်လာတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် အဆီအအိမ့်စားသုံးမှုများတာ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ဆောင်မှု နည်းပါးတာတွေလည်းရှိတဲ့အတွက် ဒါတွေနဲ့ဆက်စပ်ပြီး ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါဖြစ်နှုန်းလည်း မြင့်မားလာပါတယ်။ နောက်ဆက်တွဲအနေနဲ့ နှလုံးသွေးကြောကျဉ်းရောဂါလည်း ဖြစ်လာပါတော့တယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်တဲ့အခါမှာ နေ့စဉ်လူမှုဘဝမှာ ထိခိုက်နိုင်ပြီး တချို့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အချိန်မတိုင်ခင် အသက်ဆုံးရှုံးတာကိုတွေ့ရပါတယ်။

မေး။ ။ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ရင်ဘယ်လိုလက္ခဏာတွေ ထူးထူးခြားခြား ပြတတ်ပါသလဲဆရာ။
ဖြေ။ ။ အထူးသဖြင့် နှလုံးနဲ့ ပတ်သက်ရင် ရင်ဘတ် အောင့်တာ၊ မောပန်းတာ၊ အသက်ရှူမြန်တာ၊ အ သက်ရှူကျပ်တာနဲ့ နှလုံးခုန်မြန်တာတို့ ဖြစ်တတ်ပါ တယ်။ ဒါပေမဲ့ ရင်ဘတ်အောင့်တိုင်းတော့ နှလုံး ရောဂါမဟုတ်ပါဘူး။ တချို့မှာ ကြွက်သားနာတာဖြစ် တတ်ပါတယ်။ ဒါကြောင့် မောပန်းတာ၊ အသက်ရှူမဝတာ၊ ရင်ဘတ်အောင့်တာ ရက်ကြာလာပြီဆိုရင် ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။

မေး။ ။ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပြီဆိုရင် ဘယ်လိုနေထိုင်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ အဓိကကတော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးသောက်ရပါမယ်။ ဆေးလိပ်သောက်တတ်သူ တွေမှာ ဆေးလိပ်ဖြတ်နိုင်ရင်ကောင်းပါတယ်။ ဆေး လိပ်ကို လုံးဝမဖြတ်နိုင်ဘူးဆိုရင် လျှော့သောက်ရပါမယ်။ အရက်သောက်တတ်သူတွေမှာ အရက် ဖြတ် နိုင်ရင် ကောင်းပါတယ်။ မဖြတ်နိုင်ရင် လျှော့သောက် ရပါမယ်။ ကိုယ်လက်လှုပ်ရှားအားကစား လုပ်ဆောင် ရပါမယ်။ အဆီအအိမ့်လျှော့စားပြီး ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို များများစားပေးရပါမယ်။
စိတ်ဖိစီးမှု လျှော့ချရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံအတိုင်းနေမယ်ဆိုရင် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ရာ ရောက်ပါတယ်။

အထူးသဖြင့် လူငယ်လူလတ်ပိုင်းတွေက ဆေးလိပ် သောက်နှုန်းမြင့်မားလာတာကို တွေ့ရသလို အရက်သောက်နှုန်း မြင့်တက်လာတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် အဆီအအိမ့်စားသုံးမှုများ တာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဆောင်မှု နည်းပါးတာတွေလည်း ရှိတဲ့အတွက် ဒါတွေနဲ့ ဆက်စပ်ပြီး ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါဖြစ်နှုန်းလည်း မြင့်မားလာပါတယ်။

မေး။ ။ နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံအတိုင်း နေထိုင်ပြီး လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ရပါမယ်။ ဆေးလိပ်၊ အရက်တတ်နိုင်သမျှ ဆင်ခြင်ပြီး အဆီအအိမ့်တွေ လျှော့စားရပါမယ်။

မေး။ ။ နှလုံးသွေးကြောကျဉ်းရောဂါရရင် ရုတ်တရက် နှလုံးအမောဖောက်ခြင်း (Heart Attack)ရမှာ စိုးရိမ်ရပါသလား ဆရာ။
ဖြေ။ ။ စိုးရိမ်ရပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါရ ရင် Heart Attackဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် နှလုံးသွေးကြောကျဉ်းရောဂါရှိရင် သေချာကုသမှုခံ ယူဖို့လိုပါတယ်။

မေး။ ။ နှလုံးသွေးကြောကျဉ်းရောဂါရှိ၊ ရှိ အီးစီဂျီရိုက်ရုံနဲ့ သိနိုင်ပါသလား ဆရာ။
ဖြေ။ ။ အခြေခံရောဂါရှာဖွေရေးမှာ အီးစီဂျီကတော့မပါ မဖြစ်ပါပဲ။ အီးစီဂျီမှာ ပေါ်တာလည်း ရှိသလို တစ်ခါ တလေ အီးစီဂျီမှာ မပေါ်တာလည်း ဖြစ်နိုင်ပါတယ်။ အီးစီဂျီရိုက်တာအပြင် လူနာ ခံစားနေရတဲ့ ရောဂါ လက္ခဏာတွေ၊ စမ်းသပ်တဲ့အခါတွေ့ရှိရတဲ့ တွေ့ ရှိချက်လေးတွေပေါင်းစပ်ပြီး ရောဂါကို မှန်းဆသိရှိ နိုင်ပါတယ်။ လိုအပ်ရင် သွေးထဲမှာမကောင်းတဲ့ အဆီများသလား၊ ဆီးချိုရောဂါရှိသလားစသဖြင့် လိုအပ်တာလေးတွေကို သွေးဖောက်စစ်ရတာရှိပါတယ်။

မေး။ ။ နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူတစ်ဦးက ဆေးကုသမှုကို တစ်သက်လုံးခံယူရမှာလားဆရာ။
ဖြေ။ ။ နှလုံးသွေးကြောကျဉ်းရောဂါရှိသူက ဆေးကုသမှုကို တစ်သက်လုံး ခံယူရမှာဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရင် နှလုံးကြွက်သားတွေဆီ သွေး ကောင်းကောင်းမရောက်နိုင်တာကြောင့်ကြာလာတဲ့အခါမှာ ထိခိုက်နိုင်ခြေရှိပါတယ်။ ဒါကြောင့် သင့်တော်တဲ့ ဆေးဝါးတွေကို ပုံမှန်မှီဝဲနေရမှာ ဖြစ်ပါတယ်။ တခြားရောဂါတွေဖြစ်တဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စတာတွေ ထပ်ရှိနေရင် ပိုပြီး စနစ်တကျ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။

မေး။ ။ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ပတ်သက်ပြီး အများပြည်သူကိုထပ်မံပညာပေးလိုတာရှိရင် သိပါရ စေဆရာ။
ဖြေ။ ။ မြန်မာနိုင်ငံမှာကော ကမ္ဘာတစ်ဝန်းက တခြားနိုင်ငံတွေမှာပါ နှလုံးသွေးကြောကျဉ်းရောဂါက အ သက်ကြီးသူတွေမှာတင်မက လူငယ်လူလတ်ပိုင်းတွေမှာပါ ဖြစ်လာတာတွေ့ရသလို လူငယ်လူလတ် ပိုင်းမှာတင် နှလုံးသွေးကြောပိတ်ပြီး အသက်ဆုံးရှုံးတာတွေကိုပါ တွေ့လာရပါတယ်။ ဒါကြောင့် လူငယ်လူလတ်ပိုင်းတွေလည်း ကျန်းမာရေးလိုက်စားဖို့ လိုအပ်ပါတယ်။ မိဘပြည်သူအားလုံး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံအတိုင်း လိုက်နာပြီး ဆေးလိပ်အရက်သောက်တတ် ရင်လည်းတတ်နိုင်သမျှ ဆင်ခြင်ဖို့၊ အဆီအအိမ့် လျှော့စားဖို့၊ ကိုယ်လက်လှုပ်ရှား အားကစားကို နာရီဝက်ခန့်ပြုလုပ်ဖို့၊ အိပ်ရေးဝ၀ အိပ်စက်အနားယူဖို့၊ စိတ်ဖိစီးမှုလျှော့ချဖို့နဲ့ စိတ်အပန်းဖြေဖို့စတာတွေကို လိုက်နာကြပါလို့ ပညာပေးလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top