Healthy Life Ad
International

လမ်းလျှောက်နှေးသူများ နှလုံးရောဂါနှင့် သေဆုံးနိုင်ခြေများ

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံ၊ လက်ဆက်စတာတက္ကသိုလ်မှ သုတေသီတွေက လူ ၄၂၀၇၂၇ ယောက်တို့ရဲ့၆ နှစ်တာကာလအတွင်း သေဆုံးနှုန်းကို စူးစမ်းခဲ့ကြပါတယ်။ ရလဒ်အဖြစ် လမ်းလျှောက်နှေးသူတွေက ကမ္ဘာ့လူသေဆုံးမှုအများဆုံး နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေအလားအလာ ၁ ဒသမ ၈ နဲ့ ၂ ဒသမ ၄ ဆကြား ပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ ညီတူညီမျှ အကျိုးသက်ရောက်တယ်လို့ သိရပါတယ်။

သုတေသီတွေက ဆေးလိပ်သောက်တာ၊ ခန္ဓာကိုယ်အညွှန်းကိန်း (BMI)၊ စားသောက်မှုပုံစံကဲ့သို့ အန္တရာယ်ဖြစ်စေတဲ့ အချက်တွေကိုပါ ထည့်သွင်းတွက်ချက်ခဲ့တာဖြစ်ပါတယ်။ BMI အနိမ့်ဆုံး အရွယ်ရောက်ပြီးသူတွေ လမ်းလျှောက်နှေးပါက အန္တရာယ်အများဆုံးဖြစ်တာကိုလည်း တွေ့ရှိခဲ့ပါတယ်။ လမ်းလျှောက်နှုန်းက အလုံးစုံကျန်းမာကြံ့ခိုင်မှုအပေါ် များစွာအကျိုးသက်ရောက်စေကြောင်း တွေ့ရှိမှုက ပြဆိုတယ်လို့ သုတေသီတွေကပြောပါတယ်။ သုတေသီတွေက လမ်းလျှောက်နှုန်းနဲ့ ကင်ဆာရောဂါအကြား ဆက်စပ်မှုကိုတော့ မတွေ့ရှိခဲ့ပါဘူး။ ၂၀ဝ၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာလည်း လမ်းလျှောက်နှေးတာက နှလုံးရောဂါ၊ လေဖြတ်ရောဂါတို့နဲ့ သေဆုံးနိုင်ခြေပိုများကြောင်း တွေ့ရှိခဲ့ပါသေးတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top